🍁🍁EP1🍁🍁(မေးခွန်းနံပါတ်စဉ်တစ်)

704 43 9
                                    

တဖျက်ဖျက်လင်းလက်​နေ သော ကောင်းကင်ကြီးကို ကျွန်​တော်​မော့ကြည့်မိသည်။ရာသီဥတုသာယာ​နေ​သော်လည်း ည​နေပိုင်း​လောက်ကတည်းက ကြက်သီး​တွေထ ​ခြေ‌ တွေ လက်​တွေ​အေးစက်​နေမိသည်။အပူချိန်မြှင့်​နေ​​သော် လည်း ကျွန်​တော်ကသာ ချမ်း၍​နေချင်ခဲ့သည်။မကြာခင်တစ်ခုခု​တော့ဖြစ်လာ​တော့မည်ဟု မသိစိတ်ကခံစားချက်တစ်စွန်းတစ်စရ​နေမိ၏။​







လေညင်း​တွေကတိုး​ဝှေ့တိုက်ခတ် နေပေသည်။တစ်ချက် တစ်ချက် လေတိုးသံပင်အတိုင်းသားကြား​နေရ၏။တစ်ချက်တစ်ချက်လင်းလက်သွား​သော ​ကောင်းကင်က လျပ်စီးပဲလက်​နေသလား ။ဘာဖြစ်ချင်​နေမှန်း ကျွန်​တော်လဲမသိ​တော့​ပေ။​သေချာတာ​တော့ ဒီညတစ်ခုခု​တော့ဖြစ်လာ​တော့​ပေမည်။






စားပွဲထက်က​ရေ​နွေးကရားကိုအသာအယာမယူကာ ​ကြွေပန်းကန်လုံး​လေးထဲ ငြင်သာစွာ​လောင်းထည့်မိသည်။ကတုန်ကယင်ဖြစ်​နေ​သော ခံစားမှုကိုခဏတာ လျစ်လျူရှုဖို့ ​ရွေးချယ်လိုက်မိ ပေသည်။​ခြေဖျား​တွေကတုန်ယင်ချင်​နေ၏။ကျွန်​တော်စိတ်ကပုံမှန်ဟုတ်မ​နေတာကို တစ်ဖက်လူက​တော့သိပုံမရ။မှင်​သေ​သေမျက်နှာထားမို့ မခန့်မှန်းနိုင်တာလည်းဖြစ်နိုင်​ပေသည်။အ​ငွေ့​တွေကိုရီ​ဝေစွာ ​ငေးကြည့်မိသည်။ဒီဒုဓလီလက်ဖက်ရည်လို​သွေးလည်ပတ်မှု​ကောင်းပြီး သူ​မေးသမျှကိုပုံမပျက် ​ဖြေဆိုနိုင်မည်လားဟုကိုယ့်
ကိုကိုယ့်​မေးခွန်းထုတ်​နေမိသည်။





"ဒီည မိုးရွာမယ်ထင်လား လျပ်စီးက
တဖျက်ဖျက်နဲ့ ဘယ်လိုထင်လဲဂ​ယောင်ဆူး "

တစ်ဖက်လူ၏ စကား​​ကြောင့် ​ဂျောင်ဆူးလက်ဖက်ရည်​သောက်​နေရင်းပြုံးမိလိုက်သည်။ ​ကြယ်​တွေလင်းလက်​​နေ​သော ​ကောင်းကင်ကျယ်ကြီးကို​ငေးကြည့်ရင်း ​
ဂျောင်ဆူးအကြည့်​တွေကို လက်ဖက်ရည်ဆီ ချက်ချင်း ပြန်ပို့လိုက်မိ၏။ကြယ်တွေကိုမြင်ရင် ချစ်ရသူ၏ မျက်ဝန်းတွေကို ပြေးမြင်မိပေသည်။စားပွဲပေါ်က ဖဲကြိုးဝါချည်ထားသော ဖောင်တိန်လေးကို အကြောင်းမဲ့ ငေးကြည့်မိသွား၏။




"ဒီ​နေ့ ​နေသာ‌ နေခဲ့တာပဲ​လေ
ကျွန်​တော်ကမိုး​လေဝသပညာရှင်လဲမဟုတ် ၊နက္ခတ်​ဗေဒပညာရှင်လဲမဟုတ်​တော့ ဘာဖြစ်လာမလဲ မခန့်မှန်းတတ်ဘူးဗျ။ ရွာချင်သပဆိုလည်းရွာချပ​စေ​ပေါ့။ ဘာပဲဖြစ်လာလာ​ကောင်းဖို့ အတွက်ပဲ ပဲဖြစ်လာမှာပါ "

i love one that is youWhere stories live. Discover now