⚠️Love Warning ⚠️

117 10 4
                                    

အားလုံးပဲမဂ်လာပါဗျ။အရင်ဆုံးကျွန်တော်ပြောချင်တာက ဒီစာလေးကို အဆုံးထိ စိတ်ရှည်ရှည်လေးနဲ့ဖတ်ပေးပါလို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ရဲ့ ဒုတိယရတနာလေးတစ်ခုဖြစ်တဲ့ I love one that is you လေးကအခုဆို အဆုံးထိရေးပြီးခဲ့ပါပြီ။နောက်ဆုံးတော့ လက်ရာတစ်ခုပြီးသွားပါပြီ။ဟိုးစတင်ကတည်းကနေ အခုခရီးဆုံးတဲ့အထိ Voteပေးတဲ့သူတွေ၊မန့်ပေးခဲ့သူတွေ၊အတွေးတွေရေးခဲ့ကြသူတွေ ၊ပြီးတော့ ဝင်ဖတ်ပေးခဲ့တဲ့ သူအားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပြီး ပျော်ရွှင်ကြဖို့ မေတ္တာပို့လိုက်ပါတယ်ဗျ။










ချစ်လားကတည်းကနေ အခုထိ အတူရှိလာပေးတဲ့သူတွေလည်းရှိပါတယ် ။ကျွန်တော်မှတ်မိပါတယ်ဗျ။ပြီးတော့ချစ်လားလေးကပထမဆုံးရေးခဲ့တာမို့ လိုအပ်ချက်တေ‌ွအများကြီးရှိခဲ့ပါတယ်။အဲ့အတွက်လည်းအားနာမိပါတယ်။အခုဒီFicလေးကလည်း လိုအပ်ချက်တွေရှိပါတယ်။ကျွန်တော် ရဲ့ စာအရေးအသားက တအားကြီးမကောင်းတာမို့ အားနာမိပြီး အဆုံးထိအတူရှိပေးခဲ့ကြလို့ တကယ်ကိုကျေးဇူးတင်ပါတယ်။








#ကျွန်တော်တကယ်သိစေချင်တဲ့အပိုင်းရောက်လာပါပြီ။သေချာလေးဖတ်ပေးစေချင်ပါတယ်ဗျ။
WPအကြောင်းwarတွေဖြစ်ကြရင် ဘယ်မှာမှဝင်မပါတတ်ပေမဲ့  ကျွန်တော်ဘယ်သူရေးမှန်းမမှတ်မိတော့ပေမဲ့ မှတ်မှတ်ရရစိတ်ထဲစွဲနေတဲ့ မန့်တစ်ခုရှိပါတယ်။နင်တို့Wp ကစာတွေက ဘာကောင်းကျိုးတွေရှိလို့လဲ တဲ့။ကျွန်တော်လဲ စာဖတ်ဝါသနာပါတဲ့ သူပါ။စာအုပ်တိုင်းကကောင်းကျိုးဆိုးကျိုးတိုင်းကို ဦးတည်ရေးထားတာမဟုတ်ပေမဲ့ ကိုယ်အသိဉာဏ်နဲ့ပိုင်းခြားပြီးဖတ်ဖို့ပဲလိုတာပါ။#









တိုက်တိုက်ဆိုင်ဆိုင်ဒီFicလေးကို စဖန်တီးဖို့တွေးချိန်မှာ ကျွန်တော်လည်း စာဖတ်သူတွေကို ဒီဇာတ်လမ်းကိုဖတ်နေရင်း ကျွန်တော်ပေးချင်တဲ့ မက်ဆေ့စ်အချို့ကိုလဲ ရသွားစေချင်မိတယ်။ရေးခဲ့ရတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။တစ်ချို့ကရိပ်မိနိုင်ပေမဲ့ တစ်ချို့က ဒီအတိုင်းကျော်ချသွားကြမှာစိုးလို့ပါ။ကျွန်တော်သိစေချင်တဲ့ ရည်ရွယ်ချက်လေးတွေ ရေးဖြစ်ခဲ့ရတဲ့ဖန်တီးမှုအကြောင်းလေးတွေပြောပြချင်ပါတယ်။ဒါကကျွန်တော် ကိုယ်ပိုင်အမြင်မို့သဘောမကျတဲ့သူတွေရှိခဲ့ရင် ကြိုပြီးတောင်းပန်ပါတယ်။ကျွန်တော်မှာက အမြဲကျွန်တော်ဖော်ပြချင်တဲ့Typeကရှိပြီးသားမို့ပါ။










i love one that is youWhere stories live. Discover now