🍁🍁ep8🍁🍁(မေးခွန်းနံပါတ်စဉ် တစ်)

151 30 6
                                    

ချန်းယောလ် ခုတင်ပေါ်လူးလိမ့်ရင်းမိမိရင်ဘက်ပေါ်ရောက်နေတဲ့ခြေထောက်ကြောင့်လန့်ဖြန့်သွားရ၏။အိပ်ရာဇောက်ထိုးအိပ်မိသလားဝေဝါးစွာကြည့်မိလိုက်ပေမဲ့ အိပ်နေသူကသူကိုယ်သူဇောက်ထိုးအိပ်နေမှန်းတောင်သိပုံမရပေ။ဒိုဂယောင်ဆူးတို့ကအိပ်တာတောင်လူလိုမအိပ်ပေ။ရင်ဘက်ပေါ်ကခြေထောက်တွေကိုဖယ်ချလိုက်ပြီး ‌ကိုက်နေသောခေါင်းကိုလက်နဲ့ခပ်ဖွဖွဖိထားလိုက်ရ၏။





ခြေရင်းမှာသူခေါင်းရောက်နေသည်မို့ချန်းယောလ် ထကာသူ့လို့ပင်ပြန်လှဲအိပ်လိုက်ရ၏။ဘေးတိုက်မြင်နေရသောဂျောင်ဆူးဟာအတော်ပင်နှစ်ခြိုက်စွာအိပ်ပျော်နေပုံရလေသည်။ခေါင်းဦးထက်ဖိမိနေသောပါးတစ်ဖက်မှာအိစက်ပုံပေါ်လေသည်။ချန်းယောလ်မနေနိုင်စွာသူ၏ပါးလေးကိုလက်လေးနဲ့ခပ်ဖွဖွတို့ထိမိ၏။နစ်ဝင်သွားသောလက်ဖျားလေး၏အိစက်မှုကြောင့်ချန်းယောလ်မျက်ခုံးပင့်မိသွားရသည်။ဒိုဂျောင်ဆူးရဲ့badboyပုံစံနဲ့မှမလိုက်သူ၏အသားအရည်ကနူးညံ့အိစက်လှသည်။ကလေးလေးတွေ၏အသားလိုပင်။




ဂျောင်ဆူးရဲ့ဘေးနားတိုးကပ်သွားလိုက်ပြီး သူ၏လက်တစ်ဖက်ကိုခပ်ဖွဖွတွန်းကာ

"ဟေ့ယောင် ထတော့လေ ထတော့လို့"

ပတ်ချန်းယောလ်ရဲ့အသံကိုမကြားချင်သည့်အလားအနီးရှိခေါင်းအုံးကိုဆွဲယူကာ ခေါင်းထက်အုပ်မိုး၍တစ်ဖက်လှည့်သွားလေ၏။
ပတ်ချန်းယောလ်နှာခေါင်းရှုံလိုက်ကာ နိုးပြီးမထချင်တဲ့ဂျောင်ဆူးကြောင့်အကြံတစ်ချို့ကိုထုတ်သုံးဖို့တွေးမိလိုက်၏။



*အား...ကျွတ်...ကျွတ်....**

"ခေါင်းကကိုက်လိုက်တာ....သံကိုတူနဲ့ထုနေသလိုပဲ....အမေရေ ခေါင်းကိုက်တယ်လို့ ....ခေါင်းကိုက်လိုက်တာ မျက်လုံးထဲဝါးနေရော ခေါင်းထဲမူးမိုက်နေတာ ...မျက်လုံးတောင်ကောင်းကောင်းမဖွင့်နိုင်ဘူး...အားအမေရေ...သားတော့ ငယ်ငယ်ရွယ်ရွယ်နဲ့သေတော့မလား မသိဘူး...အမေ့..."

ပတ်ချန်းယောလ်ရဲ့စကားမဆုံးသေးခင်ခေါင်းအုံးတွေလွင့်ပျံ့လာကာမျက်နှာကိုလာထိကုန်၏။



i love one that is youWhere stories live. Discover now