🍁🍁ep3🍁🍁

175 35 24
                                    

စတင်ခြင်းတို့မည်သည်

​ချန်း​ယောလ် ရဲ့ထူထဲ​သောမျက်ခုံး၊​ဖြောင့်စင်း​သောနှာတံနဲ့အတူ ထူထဲ​သောအ​ပေါ်နှုတ်ခမ်းထက်အနည်းငယ်ပါးလွှာ​သော ​အောက်နှုတ်ခမ်းလွှာကိုအနီးကပ်​တွေ့မြင်လိုက်ရ၏။စင်း​ကော့​နေတဲ့မျက်​တောင်​တွေဟာ ယပ်​တောင်သဖွယ်ဖြန့်ကျက်ညီညာ​နေ၏။လှိုင်းတွန့်ဆံပင်​​ကွေး​တွေဟာထူထဲ​သောမျက်ခုံး​ပေါ်အတိဝဲကျ​နေ၏။
​ဂျောင်ဆူးမျက်ဝန်း​တွေ​စေ့​စေ့မှိတ်ထားသူကို​သေချာကြည့်​နေမိ၏။






ချန်း​ယောလ် ထပ်တူကျမိ​သောနှုတ်ခမ်းတစ်စုံ​ကြောင့် ​​ခြေဖျားများပင်​အေးစက်သွားရ၏။သိသိချင်းပင် မျက်ဝန်း​တွေကိုဖိမှိတ်ပစ်လိုက်၏။​ဒေါသအိုးမ​ပေါက်ကွဲခင်မိမိဘက်ကကြိုဟန်​ဆောင်မှ​သာ တော်ရာကျ​ပေလိမ့်မည်။မဟုတ်ရင် အသက်နဲ့ကိုယ် အိုးစားကွဲနိုင်​ပေသည်။ချန်း​ယောလ် ခါးကိုပိုမိုတိုးဖက်လိုက်ရင်း ထူပူ​နေ​သော​ခေါင်းကိုအနည်းငယ်ယိမ်းကြည့်လိုက်၏။​ဂျောင်ဆူးကချန်း​ယောလ်ရဲ့လက်​တွေကိုဖြုတ်လိုက်ပြီး ကပျာကယာထလိုက်၏။လှဲ​နေ​​သေး​သော ချန်း​ယောလ် ကို ​ခြေ​ထောက်ဖြင့် တစ်ချက်နှစ်ချက် ထိကာထဖို့အချက်ပြ​လေ၏။





ချန်း​ယောလ်မျက်ဝန်း​တွေကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး ​ဘေးနားမှာရပ်​နေတဲ့​ဂျောင်ဆူးကိုကြည့်လိုက်မိ၏။

"ဘာလို့လှမ်းဖက်တာလဲ "

ဂ​ယောင်ဆူးရဲ့စကား​ကြောင့် ချန်း​ယောလ်ကသူ့​ခေါင်းအ​နောက်ကိုလက်ဝါးဖြင့် ပွတ်သပ်ရင်းထထိုင်လာ၏။





"ငါသာမင်းခါးကိုလှမ်းမဆွဲခဲ့ရင် မင်းအခွက်နဲ့ ကြမ်းပြင်နဲ့ရိုက်လို့ သွား ၃၂​ချောင်းကျွတ်ထွက်သွားမှာ
တစ်ဘဝလုံးဆန်ပြုတ်ပဲ​သောက်သွားရလိမ့်မယ် အဘိုးကြီး​လေးဖြစ်​ရော​ပေါ့ကွာ "

ပတ်ချန်း​ယောလ် မိမိအ​တွေးဖြင့်မိမိပြုံးမိသွား၏။
​ဂျောင်ဆူး ဟိုကိစ္စကိုအစမ​ဖော်ချင်သဖြင့် ပြုတ်ကျ​နေတဲ့စာအုပ်​တွေနဲ့ဖန်​ဂေါ်လီလုံး​တွေကိုပဲအမြန်လွယ်အိတ်ထဲ​ကောက်ထည့်ကာ ထွက်သွားဖို့ပြင်မိ​တော့၏။​ကျောပိုးအိတ်လွယ်ပြီး ဓါတ်​လှေကားဆီဝင်ဖို့ပြင်​နေတုန်း မှာပင်

i love one that is youWhere stories live. Discover now