🍁🍁ep23🍁🍁

112 19 0
                                    

"အမေ့...."

ဂျောင်ဆူး ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမိလဲမသိ။အိပ်မက်ကြောင့် လန့်နိုးလာသည်နှင့် ဘေးဘီကို အရင်ငေးကြည့်မိ၏။ပါးထက်က မျက်ရည်စတွေကို လက်ဖြင့် ခပ်ဖွဖွဖိသုတ်လိုက်ရင်း အခန်းအပြင်ကိုထွက်လာမိသည်။မသိစိတ်အရ အခုချိန်ထိမတွေ့ရသေးသော
ယောလ် ကို အပူတပြင်းလိုက်ရှာမိ၏။သို့‌ေသာ်လည်း နေရာစုံတဲ့အထိ မတွေ့ရသေးပေ။သဲဖြူနုနုတွေပေါ် ထိုင်လိုက်ရင်း ဂျောင်ဆူး အိပ်မက်အကြောင်းစဉ်းစားနေမိသည်။






တဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်လေက ဆားရနံ့ပါ သင်းပျံ့ချင်နေ၏။အကျီအဖျားစတွေက လေနှင့်အတူ လှုပ်ခါသွားလေသည်။တဝုန်းဝုန်းရိုက်ခတ်နေသော ရေလှိုင်းများကိုငေးကြည့်ရင်း ဂျောင်ဆူး သက်ပြင်းသဲ့သဲ့ချမိလိုက်သည်။အိပ်မက်ထဲမှာ အမေက ဂျောင်ဆူးကို အဖေကိုပစ်ထားရ‌ ကောင်းလားဆိုပြီး စိတ်ဆိုးနေပေသည်။





အဖေနှင့်စကားများပြီး အိမ်ပေါ်ကဆင်းလာသည့်နေ့ကစ ဂျောင်ဆူး အဖေကိုမဆက်သွယ်တော့တာ ယနေ့ထိတိုင်ဖြစ်သည်။မမနှင့်သာ ပုံမှန်တွေ့ဖြစ်သော်လည်း Gayဆိုတာ ဖေဖေလက်မခံနိုင်သေးသရွေ့ ဂျောင်ဆူး ဘက်ကလည်း လုံးဝကိုမဆက်သွယ်တော့တာဖြစ်ပေသည်။မမကတော့ တဖွဖွပြောရှာပါသည်။ကျွန်တော်ကအဖေတူသားဖြစ်ပြီး အရမ်းခေါင်းကြောမာသည်ဟူ၍ပင်။




ရုတ်တရက်ကျောပေါ် ရောက်ရှိလာသော သဲများကြောင့် အနောက်ကိုပြန်လှည့်ကြည့်မိလိုက်သည်။တရားခံကား တစ်ခြားသူ မဟုတ်ပေ။ အိပ်ရာနိုးကတည်းက ဂျောင်ဆူး လိုက်ရှာနေသောသူပင်ဖြစ် ပေသည်။ကြည်ပြာရောင် ရှပ်အကျီနှင့် ဘောင်းဘီအဖြူလေးကိုတွဲဖက်ဝတ်ဆင်ထားလေသည်။



"သဲတွေနဲ့လိုက်ပစ်မနေနဲ့ ။ကလေးလဲမဟုတ်တော့ဘူး ။အကျီပြန်လျှော်ရတာ ခက်တယ် ယောလ် ရပ်လိုက်တော့ "

ထုံးစံအတိုင်းဂျောင်ဆူးက‌သာ ဆူနေသော်လည်း ပတ်ချန်းယောလ်ကတော့ ပန်းနှင့်ပေါက်နေသည့်အလားပင်။





ချန်းယောလ် ချစ်ရသူဆီပြေးသွားမိပြီး ကျောပေါ်တတ်ဖို့ကြိုးစားမိသည်။ချန်း အရပ်ကပိုရှည်သည်မို့ ကလန့်ကလားဖြစ်နေပေသည်။ဂျောင်ဆူးကျောပေါ်ကလူ မပြုတ်ကျအောင် ကိုယ်ကိုအမြန်ထိန်းလိုက်သော်လည်း ယောလ်ရဲ့ခြေထောက်များက အောက်သို့ကျလုနီးဖြစ်နေပေသည်။






i love one that is youWhere stories live. Discover now