🎄⛄⛄ep 32⛄⛄🎄

158 18 10
                                    

ဂယောင်ဆူး အိပ်ချင်မူးတူးဖြစ်နေရင်းမျက်လုံးကို‌
သေချာမဖွင့်နိုင်ဘဲ အိပ်ရာပေါ်ဟိုစမ်းဒီစမ်းပြုမိသည်။လက်ကသာလိုက်ရှာနေသော်လည်းရှာနေသည့်ဖုန်းကိုမတွေ့ဘဲ သန်မာသည့်လက်တစ်ဖက်၏ထိန်းချုပ်ခြင်းကိုသာခံလိုက်ရပေ၏။အဆက်မပြတ်မြည်နေသည့်ဖုန်းသံလည်းခဏတာအတွင်းတိတ်သွား‌ လေသည်။ဂယောင်ဆူးလက်ကိုပြန်ရုန်းလိုက်ရင်း တစ်ခြမ်းစောင်းအိပ်နေရာမှ အနေအထားကိုပြန်ပြင်လိုက်မိ၏။ မိမိအနောက်တွင် ဖက်ထားသော ရင်ခွင်ကျယ်ကြီးကား အလိုက်သင့် အနေအထားပြောင်းလိုက်ပေသည်။








ဂယောင်ဆူးမျက်လုံးကိုမဖွင့်နိုင်ဘဲ ထိုရင်ခွင်ဆီကိုသာတိုးကပ်နေမိပေ၏။ကျင့်သားရနေသည့်အတိုင်းထိုသူ၏ရင်ခွင်ထဲကိုသာအတင်းတိုးကပ်နေမိပေသည်။အလိုက်တသိပင်ဂျောင်ဆူးကိုပြန်လည်ထွေးပွေ့ထားလာ၏။ထိုသူ၏လက်တစ်ဖက်က ဂယောင်ဆူး၏ဆံစတွေကိုထိုးဖွကာ ဆော့ကစားလာပေသည်။လုပ်နေကျ အပြုအမူတိုင်း မိမိခေါင်းကိုခပ်ဖွဖွပွတ်သပ်ကာ ဆက်လက်အိပ်ပျော်စေ၏။မသိလိုက်ခင်ပင် ဂယောင်ဆူးပြုံးမိလိုက်‌ ပေသည်။သက်ရှိဖက်လုံးလေးကိုသာကျစ်ကျစ်ပါအောင်ဖက်ထားလိုက်မိ‌ တော့သည်။









"ဒါရိုက်တာချုပ် ...ကျွန်တော်တို့ ဘယ်လောက်ထိအောင်စိတ်ပူနေရလဲ သိလား "

ဖုန်းစပီကာထဲမှ အိမ်တော်ထိန်းဂင်၏အသံကပျံ့လွင့်လာ၏။ဂယောင်ဆူးမျက်လုံးတွေမှိတ်ထားသော်လည်း အသံတွေကိုမသဲမကွဲကြားနေရပေသည်။ဖုန်းပြောနေသည့် လူကိုပိုမိုဖက်ထားလိုက်ပြီး ခြေထောက်ပါသူ့ကိုယ်ပေါ်ပစ်တင်လိုက်၏။ချက်ချင်းဂယောင်ဆူးခေါင်းကိုခပ်ဖွဖွပုတ်လာကာ ထိုသူဆီကရယ်သံသဲ့သဲ့ထွက်လာပေသည်။









ချာတိတ်ကတိတ်တိတ်လေးဆန္ဒပြနေခြင်းဖြစ်ပေသည်။အခုထိအိပ်မူးစဝါးဖြစ်နေသော ချာတိတ်ကိုတစ်ချက်ငုံ့ကြည့်မိလိုက်၏။ပါးဖောင်းဖောင်းလေးတွေကအိပ်ရာခင်းထဲနစ်ဝင်နေပေသည်။လက်ညိုးနှင့်ခပ်ဖွဖွတို့ထိမိလိုက်သည့်နှင့် အိခနဲပါးလေးထဲနစ်ဝင်သွား၏။








i love one that is youWhere stories live. Discover now