🍁🍁ep37🍁🍁

95 20 6
                                    

"ဒီကို အသစ်ရောက်လာတဲ့ ပစ္စည်းတွေကို တစ်ချက်လောက် ပြန်စစ်ပေးပါဦး "

စာရင်းစစ်ကို ဂယောင်ဆူးလှမ်းပြောလိုက်ပြီး နဖူးပေါ်ကချွေးတွေကို မိမိအကျီလက်နဲ့ သုတ်လိုက်မိ၏။နေရောင်က နယ်ဘက်မို့ ပိုမိုတောက်ပနေသကဲ့သို့ခံစားရပေသည်။အပူရှိန်ကြောင့် ချွေးများစွာထွက်နေ၏။ရုတ်တရက်မိမိပါးပေါ်ရောက်လာသည့် အအေးဓာတ်ကြောင့် ဂယောင်ဆူးကိုယ်လေး တုန်သွားမိသည်။ရုတ်တရက်မို့လန့်သွားကာ တရားခံလက်သည်ကိုလှည့် ကြည့်လိုက်မိပေသည်။









ရေစက်များတွဲလွဲခိုနေသည့် အားဖြည့်အချိုရည်ဘူးကို ချန်းယောလ်က ဂယောင်ဆူးဆီကမ်းပေးလာ၏။ဂယောင်ဆူး ဘယ်ကတည်းက ရောက်လာမှန်းမသိသည့် ချန်းယောလ်ကို ကြောင်အစွာရပ်ကြည့်နေမိသည်။ရုတ်တရက်မို့ ဂယောင်ဆူးက ဘာလုပ်ရမှန်းမသိ‌ သေးခင် ချန်းယောလ်က ဂယောင်ဆူးလက်ကို ဆွဲယူလိုက်ပြီး လက်သီးဆုပ်ထားသည့်လက်လေးကိုဖြန့်လိုက်ကာ အားဖြည့်အချိုရည်ဘူးကိုညင်သာစွာထည့်ပေးလာသည်။မိမိလက်ထဲကို ရောက်လာသော  အေးစက်နေသည့် အချိုရည်ဘူးလေးကို  ဂယောင်ဆူးငုံ့ကြည့်မိလိုက်၏။










"နေက အရမ်းပူနေတယ်။ မင်းအထဲကိုသွားနား လိုက်တော့ ကိုယ်ပဲ ဒီမှာဆက်စစ်
လိုက်မယ် "

ဂယောင်ဆူးခေါင်းပေါ်ကဆောင်းထားသည့် ဦးထုပ် ကို ချန်းယောလ် ဆွဲချွတ်လိုက်ပြီး မိမိခေါင်းပေါ်ဆောင်းလိုက်သည်။ဦးထုပ်ကိုဆွဲချွတ်လိုက်သည်နှင့် ဂယောင်ဆူးနဖူးပေါ်ဆံစများဝေ့ကျလာ၏။နေရှိန်ကြောင့်လား တခြားအကြောင်းရင်းကြောင့်လားမသိရ သော်လည်း ဂယောင်ဆူးမျက်နှာကနီမြန်းနေပေသည်။ချန်းယောလ် ဘယ်မှမသွားဘဲ မိမိကိုရပ်ကြည့်နေသော ဂယောင်ဆူးကို စိတ်ပူစွာလှည့်ကြည့်လိုက်မိ၏။ထိုအခါမှသူက ချောင်းတစ်ချက်ဟန့်ကာ ဘေးဘီကိုတစ်ချက်လှမ်းကြည့်လိုက်လေသည်။










ဘယ်သူမှကြည့်မနေတာ သေချာမှ ဂယောင်ဆူး သက်ပြင်းတစ်ချက်ကိုခိုးချမိလိုက်၏။စာရင်းဆက်စစ်ဖို့လုပ်နေသည့် ပတ်ချန်းယောလ်ကို ဆွဲခေါ်ကာ ထိုနေရာမှ ချက်ချင်းထွက်လာမိသည်။ချန်းယောလ်မိမိလက်ကိုဆုပ်ကိုင်ကာ ဘာမှမပြောဘဲ ရှေ့ဆက်လျှောက်နေသည့်ဂယောင်ဆူးကြောင့် မယောင်မလည်နှင့် ဂယောင်ဆူး ဆွဲခေါ်ရာဆီ လိုက်ခဲ့ရပေသည်။










i love one that is youWhere stories live. Discover now