🍁🍁ep7🍁🍁

168 34 12
                                    

အရူးလိုတစ်လှမ်းချင်းစီစိတ်မကပ်စွာလျှောက်နေသော ချန်းယောလ်ကြောင့် ကျွန်တော်ခေါင်းခါမိလိုက်သည်။ဒီတစ်သက် ပန်းခြံထဲကနေအပြင်ကိုရောက်ဖို့လမ်းကသိပ်မမြင်မိတော့ပေ။ကျွန်တော်
ချန်းယောလ်ရဲ့လက်ကိုသေချာဆုပ်ကိုင်လိုက်ပြီးရှေ့ကနေအမြန်လျှောက်နေမိသည်။လက်ကိုရအောင်ရုန်းထွက်နေသော ချန်းယောလ်ကို ကျွန်တော်အမြင်ကတ်စွာကြည့်မိလိုက်၏။

"မင်းဘိုးအေလို လိပ်လို့လျှောက်နေမှတော့ ဒီတစ်သက်ကားဆီရောက်ပါတော့မလား ပတ်ချန်းယောလ် ....မင်းငါ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာလား ။"

ချန်းယောလ်ကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးသူ့လက်ကိုရအောင်ရုန်းထွက်လိုက်၏။ပြီးသည်နှင့်ဂျောင်ဆူးကိုစူးစိုက်ကြည့်လိုက်ပြီး

"ဘယ်သူကမင်းနဲ့ သွားချင်နေလို့လဲ ။ငါကလား....ပြောမိလို့လား ။....မင်းနဲ့သွားချင်တယ်လို့ ....‌ောက်ရူးထမနေစမ်းပါနဲ့ ....မင်းကို‌မစောင့်ခိုင်းဘူး ငါသဘောကျငါလုပ်မှာ ငါသွားချင်သွားမယ်မသွားချင်မသွားဘူး မင်းနဲ့ဘာဆိုင်လဲ ။‌ောက်ရူးလိုလုပ်မနေနဲ့ ငါကမင်းနဲ့ဘာမှမဆိုင်ဘူးလို့ ။နားလည်လား"

ဂျောင်ဆူးသက်ပြင်းမသိမသာခပ်တိုးတိုးချမိလိုက်၏။



စိတ်ထဲကပြန်ပြောချင်စိတ်တွေကိုအတတ်နိုင်ဆုံးထိန်းဖို့ပြင်မိလိုက်၏။သို့ပေမဲ့လည်းလက်တွေကတော့စိတ်ထက်မြန်နေဆဲပင်။
ရုတ်တရက်ကြီးအတွန်းခံလိုက်ရသည်မို့
ချန်းယောလ်ဒေါသထောင်းခနဲ့ထွက်သွားရသည်။သစ်ပင်ဆီအရှိန်ပြင်းစွာအတွန်းခံလိုက်ရသည်မို့ ကျောပင်အောင့်ချင်သွားရ၏။မိမိမျက်နှာဘေးလက်လာထောက်ထားသောဂျောင်ဆူးကြောင့်ချန်းယောလ် မိမိနဲ့မတိမ်းမယိမ်းအနည်းငယ်ပုနေသောသူကို့ဘာအရူးထတာလဲဟုမေးတစ်ချက်ဆက်ကာမေးမိလိုက်၏။

"ယောလ် ...မင်းတကယ်ပဲဒီနေ့ငါ့ကိုအကန်တွေပဲပြောနေမှာလား ...မင်းသိပါတယ် ငါ့ကသိပ်စိတ်မရှည်တတ်ဘူးဆိုတာ မင်းကငါ့ကိုစိတ်မတိုတိုအောင်တမင်လုပ်နေတာပဲ ။မလိုက်ဘူးလေ ဒီပုံစံက
ယောလ်..မင်းနဲ့မလိုက်ဖက်ဘူးလို့....."

i love one that is youWhere stories live. Discover now