🍁🍁ep29🍁🍁(မေးခွန်း[၃&၄&၅])

120 18 10
                                    

‌တစ်စွန်းတစ်စမျှသာ ထိုးဖောက်ဝင်ရောက်လာသော အလင်းရောင် ခပ်သဲ့သဲ့ကို ဂျောင်ဆူးတစ်ချက်မျှငေးကြည့်မိ၏။အခိုးအငွေ့တစ်ချို့ကနေရောင်တစ်လျှောက်ရစ်သိုင်းနေလေသည်။ဂျောင်ဆူးနှုတ်ခမ်းထက်မှ စီးကရက်အငွေ့တွေကို ခပ်ဖွဖွမှုတ်ထုတ်မိပေ၏။အငွေ့များနှင့်အတူ ထိုးဖောက်ဝင်ရောက်လာသော အလင်းရောင် ခပ်သဲ့သဲ့ကို
ဂျောင်ဆူးမိန်းမောစွာစိုက်ကြည့်နေမိပေသည်။


အခိုးအငွေ့တစ်ချို့ကနေရောင်တစ်လျှောက်ရစ်သိုင်းနေ ပေသည်။နှုတ်ခမ်းထက်မှ စီးကရက်အငွေ့တွေကို ကား ခပ်ဖွဖွမှုတ်ထုတ် နေဆဲပင်။တစ်ခါတစ်ရံ ဒီအငွေ့တွေလိုလူမသိသူမသိ ပျောက်ကွယ်သွားချင်မိ၏။မိမိကိုယ်တိုင်လည်း မြူမှုန်ပမာဏပဲဖြစ်ဖြစ်
လွင့်‌ မျောသွားချင်မိ‌ ပေသည်။ဘယ်နှစ်ဘူးမြောက်မှန်းမသိတော့သည့် ပြန့်ကြဲနေသည့် စီးကရက်ဘူးခွံများကို တစ်ချက်‌ ဝေ့ကြည့်မိကာ ဂျောင်ဆူးခပ်တိုးတိုးရယ်မိလိုက်ပေသည်။အရှုံးသမားတစ်ယောက်၏နေဝင်ချိန်အလား အရာရာဟာမွန်းကြပ်မှုအပြည့်ဖြစ်တည်နေပေသည်။



တစ်ခါတစ်လေတော့လည်း အခုကဲ့သို့ ဖြစ်သလိုစွန့်ပစ်လို့ရသည့် စီးကရက်အတိုအစများလို မိမိရင်ထဲကအချစ်တွေကို လမ်းဘေးတစ်နေရာမှာ လူမသိသူမသိ စွန့်ပစ်လိုက်ချင်မိပေသည်။ဘယ်လောက်ဘဲအသည်းမာသည်ဟုဆိုဆို မာနကြီးပါသည်ဟုပြောပြော လူအများကသတ်မှတ်ထားကြသော်လည်း
ဂျောင်ဆူးအသိစိတ်တို့က ကိုယ့်ခန္ဓာကိုယ်ကိုတော့ မနိုင်ပုံပင်။

မဖြီးမသင်ဘဲထားသည့်ဆံပင်တွေကို ဂျောင်ဆူးခပ်ဖွဖွမျှပွတ်သပ်လိုက်မိ‌ ပေသည်။နံရံကပ်မှန်ထဲမှလှမ်းမြင်နေရသည့်ပုံရိပ်လေးကား မသွေမလန်နှင့် အရောင်အဝါတွေညှိးမှိန်နေပေသည်။လန်းဆန်းခြင်းတို့ကားနတ္ထိ၊ အမည်မသိသောခံစားရမှုတို့ကားဖုံးလွှမ်းနေပေ၏။



မှန်ထဲကမိမိပုံရိပ်ကို အားလျော့စွာ ကြည့်နေမိရင်း သွေးပျက်စွာရယ်မိလိုက်၏။ဘယ်အရာတွေကစမှားခဲ့ပါသနည်း။ နောက်ဆုံး၌ ရူးရူးမူးမူးချစ်ခဲ့မိသည့် မိမိနှလုံးသားကသာတရားခံဖြစ်ခဲ့ပုံပေါ်ပေသည်။အားလုံးနှင့် အဆက်အသွယ်ဖြတ်ချလိုက်ပြီးလောကကြီးတစ်ခု လုံးနှင့်ပါ အဆက်အသွယ်ဖြတ်တောက်လိုက်လျှင် တစ်စုံတစ်ယောက်ကို အသာလေးမေ့သွားနိုင်မည်ဟု ထင်မှတ်ခဲ့‌ သော်လည်း ယခုမူကား ပိုပြီးသာရုန်းထွက်မရနိုင်ဖြစ်‌ နေပေသည်။အဖြစ်အပျက်များက မျက်လှည့်လိုရုတ်တရက်ဆန်နေခဲ့ပြီးသံမှိုနှင့်ရိုက်သွင်းထားသလို တဆစ်ဆစ်နှင့် နာကျင်နေခဲ့ရပေသည်။



i love one that is youWhere stories live. Discover now