🍁🍁ep31🍁🍁

142 18 13
                                    

"ကိုယ်စားလှယ်ဒို ....ပြောထားတဲ့ အတိုင်းပြင်ဆင်ထားပြီးပါပြီ။ အစားအသောက်ပိုင်းကလည်းမှာထားတဲ့အဖျော်ယမကာအပါအဝင် အသီးအနှံတွေလည်းရောက်နေပါပြီ။အခမ်းအနားတတ်ရောက်မဲ့ လူစာရင်းအရေအတွက်အတိအကျသိရပါပြီ။ "

မန်နေဂျာဘတ်ယူလာပေးသောစာရင်းကို ‌ဂယောင်ဆူးသေချာစစ်ပြီးနောက် အခမ်းအနားပြင်ဆင်မှုအပိုင်းကိုသေချာကြည့်လိုက်မိ၏။မျက်မှန်ကိုင်းကို ပင့်တင်လိုက်ကာ ပြင်ဆင်နေသော ဝန်ထမ်းတွေကို တစ်ချက်ကြည့်မိလိုက်သည်။






"ကျွန်တော် အခမ်းအနားပြီးတဲ့အထိ  အားလုံးအဆင်ပြေသွားစေချင်တယ်။ကျွန်တော်တာဝန်ယူထားတဲ့ပရောဂျက်ဖြစ်တဲ့အပြင် လုပ်ငန်းရှင်ဆုပေးပွဲကို ကျွန်တော်တို့ဟိုတယ်ဖွင့်ပွဲနဲ့အတူပေါင်းလုပ်တာမို့ လူထုရဲ့တုံ့ပြန်ချက်တွေကလဲ အရေးပါလာမှာ ။နာမည်ကြီးCEOတွေလဲ အကုန်စုဝေးနေတာမို့ ဘာမှချွတ်ယွင်းလို့မဖြစ်ဘူး ။တစ်ခုခုဆို ဒိုလုပ်ငန်းစုကိုပဲနာမည်ထိလာမှာ "

ဂယောင်ဆူး အစားအသောက်စီမံမှုကိုပါစစ်ဆေးနေရင်း တစ်လက်စတည်းပြောလိုက်၏။





"ကျွန်တော်နားလည်ပါပြီ ကိုယ်စားလှယ်ဒို ။သိပ်မကြာခင်မှာ ညနေခင်း  ပွဲစတော့မှာမို့ အခမ်းအနားပြင်ထားတဲ့ ကမ်းခြေဆီသွားသင့်‌ နေပါပြီ "

ဂယောင်ဆူးနာရီကိုငုံ့ကြည့်လိုက်မိမှ အချိန်နည်းနည်းလင့်သွားမှန်းသိလိုက်ရ၏။မန်နေဂျာဘတ်ကို ဂရုစိုက်ပြင်ဆင်ဖို့မှာရင်း ကမ်းခြေဆီထွက်လာလိုက်ပေသည်။
လေတဖြူးဖြူးမို့ စားပွဲခင်းဖြူတွေပါ‌ လေအလာတွင်တလွင့်လွင့်လှုပ်ခတ်နေ‌၏။ထည်ဝါလှသောညနေဆည်းဆာကနေရောင်တောက်ကာလှပ‌ နေပေသည်။ရေလှိုင်းဖြူတွေကလည်းတစ်ခါတစ်ရံလှပစွာ ကမ်းခြေကိုတိုက်ခတ်လာပေသည်။အဖြူအနီလိ‌ မ္မော်ရောယှက်ကာ တိမ်ရောင်စုံတွေကဝင်ကာနီး နေနှင့်အတူတောက်ပနေ၏။








"ရောက်လာပြီလား ငါတို့မင်းကိုစောင့်
နေတာ "

ဘက်ခဟျွန်းကဝိုင်တစ်ခွက်ကို ယူလာပေးရင်းဂယောင်ဆူးကိုလာကြို၏။ဂယောင်ဆူးဝိုင်ခွက်ကိုယူလိုက်ရင်း ဘက်ခဟျွန်းနှင့်အတူ ဧည့်သည်တွေရှိရာဆီလျှောက်သွားမိသည်။မျက်လုံးကိုဟိုဒီ ကစားကာ ပွဲခင်းထဲရှိလူတွေကို တစ်ချက်ဆန်းစစ်ကြည့်လိုက်မိ၏။လူစုံနေပြီမို့ အစားအသောက်ပိုင်းကိုပါ တစ်ချက်ကြည့်လိုက်မိသည်။စားစရာအစုံအလင်ရှိတာမို့ စိတ်ချသွားမိ၏။









i love one that is youWhere stories live. Discover now