🍁🍁ep39🍁🍁

110 16 14
                                    

ကားပေါ်စရောက်ကတည်းကနေ ယခု ရုပ်ရှင်ရုံရောက်လာသည့် အထိ တစ်လမ်းလုံးစကားမပြောဘဲ လူကိုရှိတယ်ဟုပင်သတ်မှတ်မထားသောထိုလူကို အခု ဂယောင်ဆူး စိတ်စဆိုးချင်နေပြီဖြစ်သည်။မိမိလက်ကောက်ဝတ်ကိုငြင်သာစွာဆွဲထားသောသူက ခြေလှမ်းတွေမြန်နေရာမှ အနည်းငယ် ရပ်ဆိုင်းသွားကာ ခြေလှမ်းတွေလိုက်မှီနိုင်အောင်နှေးပေးထားလေသည်။ထိုအပြုအမှုကြောင့်ဂယောင်ဆူးစိတ်ဆိုးနေရင်းကပင် အသိအမှတ်ပြုမိလိုက်ပေသည်။





သူကစကားစမပြောတာမို့
မိမိဘက်ကနေလဲစကား ပြန်ပြောဖို့
ဂယောင်ဆူးအစီအစဉ်မရှိပေ။အစကချော့ဖို့ကို တစ်လမ်းလုံးခေါင်းထဲတွေးလာသော်လည်း အခုမိမိကို တစ်လမ်းလုံးလျစ်လျူရှုထားသလိုခံစားလာရပေသည်။ဒါကြောင့် အမြင်ကတ်လို့ကို စကားပြောဖို့အစီအစဉ်မရှိပေ။မိမိကသာ ပစ်ထားရင်ပစ်ထားပေမည်။မိမိကိုတစ်ပုံစံတည်းပြန်ပြုမှုရင်တော့ ဂယောင်ဆူးလက်မခံနိုင်ပေ။ဂယောင်ဆူး မကျေနပ်ဆုံးကတော့ အပြစ်တင်စကားတစ်ခွန်းမှမပြောဘဲ အခုလို ထပ်တူပြန်ခံစားမိအောင် ဆုံးမနိုင်စွမ်းရှိတာကိုဖြစ်သည်။






ရုပ်ရှင်ရုံထဲတွင် လည်း ဝန်ထမ်းတစ်ချို့ကလွဲ ဘယ်သူမှမရှိပေ။ဘေးဘီလိုက်ကြည့်သော်လည်း တခြားလာကြည့်သည့်သူတွေကိုမတွေ့ရပေ။ယုတ်စွအဆုံး  မုန့် ရောင်းသည့်နေရာတွင်ပင် လူမရှိပေ။တစ်ရုံလုံးကိုအပြတ်ငှားလိုက်သည့်သဘောမှာရှိပေသည်။ဒါကြောင့် သူကmaskကိုချွတ်ကာလွတ်လွတ်လပ်လပ်ပြုမှု‌ နေခြင်း ဖြစ်နိုင်ပေသည်။ရုံထဲရောက်၍မီးတွေမှိတ်သွားသည့် အထိ မိမိဘေးကလူကဘာမှမပြောဘဲ မတ်တပ်ကလေးရပ်နေပေသည်။






"ဘာမုန့်မှ မဝယ်ခဲ့ ဘူးလား "

အစက ဂယောင်ဆူး ဘာမှမပြောဖို့စီစဉ်ထားသော်လည်း ရေတစ်ဘူးနှင့် တီသျှူးအထုပ်ကြီးတစ်ခုမှလွဲ၍သူ့လက်ထဲတွင် ဘာမှမပါလာသောအခါ မနေနိုင်ဘဲမေးလိုက်မိသည်။ထိုအခါမှ သူကမိမိလက်ထဲကို သူဆွဲလာသော အထုပ်ကိုပေးလာပြီး မိမိဘေးမှာဝင်ထိုင်လာပေသည်။





"မုန့်စားချင်စိတ်ရှိမှာမှ မဟုတ်တာ "

သူပြောပုံအရ ဂယောင်ဆူးမုန့်စားချင်ရင်တောင် ဝယ်မပေးမယ့် သဘောမှာရှိနေပေသည်။ဂယောင်ဆူး သူ့ကိုစိုက်ကြည့်နေမိပြီး စိတ်ထဲကနေ တိတ်တိတ်လေး ဆဲလိုက်မိ၏။သူကတော့ မိမိကိုမရှိသည့်အလား သူလုပ်စရာရှိတာသာ  ဆက် လုပ်နေပေသည်။





i love one that is youWhere stories live. Discover now