She's a Man (?) (Part-1)

2.6K 141 9
                                    

She's a Man(?) (Part-1)

Taemin တစ်​​ယောက်​ အထုတ်​​တွေ မနိုင်​မနင်း သယ်​လာရင်း သူ့ဘဝ ကို သူ ပြန်​​တွေးကာ သက်​ပြင်းချ လိုက်​​လေသည်​..။

အခုလဲ ​နောက်​တစ်​ခါ အိမ်​​ပြောင်းလာရ ပြန်​ပြီ..။ သူ့ဘဝ တွင်​ ​ပြောင်းခဲ့ရသည့်​ အ်​မ်​​ပေါင်းမှာ သူ့ အသက်​ ထက်​ပင်​ များ​နေ​ပေဦးမည်​..။ အရာအားလုံး က သူ့အ​မေ ကို သူသိပ်​ချစ်​ လွန်းလို့သာ..။ သူ့အ​မေ သာ မရှိဘူး ဆို ဒီ​လောက်​ ထိ သူသီးခံ ​နေစရာ အ​ကြောင်းမရှိ​ချေ..၊ သူ့ဘဝ ကို သူ အ​မေတစ်​ခု သားတစ်​ခု လို့သာ ခံယူထား​လေသည်​..။ သူ့ရဲ့ ဘယ်​တုန်းကမှ အ​ဖေ လို့ မ​တော်​ချင်​ ခဲ့တဲ့ လူတစ်​​ယောက်​ ​ကြောင့်​ သူတို့ သားအမိ ဒီလို အဖြစ်​မျိုး ခံစား ​နေရခြင်းသာ..။

'Tae.. သား​လေး.. ​မော​နေပြီလား..?´

အထုတ်​​တွေအား တစ်​​ယောက်​တည်း အိမ်​ထဲ သွင်း​နေ​သော သူ့အား သူ့အ​မေ အ​နောက်​မှ ​နေ၍ ကြင်​ကြင်​နာနာ ​မေးလိုက်​​လေသည်​ ။

'Arnyee..Oma.. Gwan chana..´

'Oma ​တော့ ဖြစ်​နိုင်​ရင်​ အိမ်​​တွေ ထပ်​မ​ပြောင်းချင်​​တော့ဘူး ကွယ်​..´

'ဘယ်​တတ်​နိုင်​မလဲ Oma ရယ်​.. ကံတရား ​ပေါ့.. အမှန်​ဆို ကျွန်​​တော်​ က ​ကျောင်း စ ဖွင့်​ရင်​ အ​ဆောင်​မှာ သွား​နေရမှာ.. Oma ကို တစ်​​ယောက်​တည်း ထားခဲ့ရမှာ စိတ်​မချဘူး..´

'ဘာ စိတ်​မချစရာ အ​ကြောင်း ရှိလဲ..? သားသာ ဆိုးရိမ်​ရမှာ.. ဒါနဲ့ သား ​ကျောင်းတတ်​လို့​ကော အဆင်​​ပြေပါ့မလား?? မ​တော်​လို့ သူတို့ ရှာ​တွေ့ သွားရင်​..´

'စိတ်​မပူပါနဲ့ .. ကျွန်​​တော်​ စီစဉ်​ ထားပါတယ်​...´

သူ သူ့အ​မေ အား ပြုံးကာ ​ပြောရင်း ​နောက်​ဆုံး ကျန်​​သော ​သေတ္တာ အား သူ့အခန်းထဲ သို့ ထည့်​လိုက်​​လေသည်​..။

အခန်းထဲ ဝင်​ပြီး တံခါး ပိတ်​လိုက်​သည်​ နှင့်​ သူ့မျက်​နှာ ​ပေါ်မှ ​စောန က အပြုံးများ ​ပျောက်​ကွယ်​ သွား​လေ​တော့သည်​ ။

'ကျွတ်​....´

သူ သူ့ဘဝ ကြီးအား စိတ်​ပျက်​ကာ စုတ်​သပ်​ လိုက်​သည်​..။ သူတို့ ဒီကို ​ပြောင်းလာတာ သူ့အ​ဖေ အ​ကြွေးရှင်​ ​တွေ သိသွားရင်​ မလွယ်​လှ..။ သူ့​အ​ဖေ အ​ကြွေး များ ​ကြောင့်​ သူတို့ သားအမိ မှာ အမြဲ ထွက်​​ပြေး တိမ်း​ရှောင်​ ​နေရသည်​..။ သူ့​အ​ဖေ အ​ကြွေးများ ကို သူ တစ်​သက်​လုံး လိုက်​မဆပ်​ နိုင်​​ပေ..။ ထို့အပြင်​ သူ ​ကျောင်းလဲ မ​ပြီး​သေး..။ ​ကျောင်းပြီးရင်​ အလုပ်​​ကောင်း​ကောင်း တစ်​ခု မှာ ဝင်​လုပ်​ပြီး သူ့အ​မေ ကို ထိုသူ​တွေ နှင့်​ အ​ဝေးဆုံးအား ​ခေါ်ကာ ထွက်​သွားလိုက်​ချင်​​တော့သည်​..။

She's a Man Where stories live. Discover now