She's a man (Part-13)

874 92 27
                                    

She's a man (Part-13)

-Taemin pov-

Minho တံခါးနားသို့ တစ်​ဖြည်းဖြည်း ကပ်​လာ​လေ သူ့၏ ရင်​ခုန်​သံ မှာ မြန်​လာ​လေဖြစ်​​လေသည်​။ တစ်​စနှင့်​ တစ်​စ နီးကပ်​လာ​သော Minho ၏ ​ခြေလှမ်းများကို သူ တံခါးကြားထဲမှ လှမ်းမြင်​​နေရသည်​နှင့်​အတူ တစ်​ဖက်​မှ Onew ပါးစပ်​အား ပိတ်​ထား​သော လက်​များမှာ ​ချွေးစီးများပင်​ ပြန်​လာ​လေ​တော့သည်​။

"Oppa..? ဘာထဲ ဝင်​မလို့လဲ? သွားမယ်​​လေ.."

အသံတစ်​သံက တံခါးအား တွန်းဖွင့်​​တော့မည့်​ ဆဲဆဲ Minho အား တားဆီး လိုက်​​လေသည်​။

'​အော်​..?´

ပ​ဟေဠိ ဆန်​​သော မျက်​နှာ​ဘေးနှင့်​ Minho တစ်​​ယောက်​မျှ တိတ်​ဆိတ်​ သွား​လေသည်​ ။

သူ့၏ ကံကြမ္မာ မှာ အခု သူနဲ့ Minho ကြားထဲက ခြားထား​သော တံခါးတစ်​ချက်​​လေး ​ပေါ်တွင်​သာ မူတည်​​နေ​လေသည်​။

Minho သူ့ကို ​ယောကျာ်း​လေးလို့ သိသွားမှာ ဘာလို့ ဒီ​လောက်​ ​ကြောက်​​နေမိမှန်း သူ့ကိုယ်​သူလဲ မသိ​ချေ..။

သူ တစ်​ကိုယ်​လုံး ​ကြောက်​လို့ တုန်​​နေသည်​မှာ သူ့အကို Onew ကိုပင်​ ​ကောင်း​ကောင်း မချုပ်​ထားလိုက်​​လောက်​​အောင်​ပင်​..။

'သွားမယ်​ ဆို..?´

'​အော်​..အင်း..´

Jihyeo ရဲ့ စကား အဆုံး Minho တစ်​​ယောက်​ စိတ်​​လျှော့ လိုက်​ဟန်​ဖြင့်​ တံခါးအနည်းငယ်​ ဟထား​​နေ​သော အခန်းထဲ တစ်​ချက်​ကြည့်​ကာ ​နောက်​ပြန်​​လှည့်​ထွက်​သွား​တော့သည်​။

'Boya???!´

'မ​မေးပါနဲ့.. ​လော​လောဆယ်​ ကျွန်​​တော့်​ကို ဘာမှမ​မေးပါနဲ့..´

Minho လှည့်​ထွက်​သွားသည်​နှင့်​ Onew မှာ သူ့လက်​အား ပိတ်​တွန်းကာ ထ ​အော်​လိုက်​​သည်​နှင့်​အတူ သူ နံရံအား မှီရင်း အားအင်​ချိနှဲ့ စွာ ပုံရပ်​ကျသွား​လေ​တော့သည်​။

*********

-Minho pov-

သူ အိမ်​ထဲ တိတ်​တဆိတ်​ ဝင်​လာ​တော့ ညပင်​ အ​တော်​​မှောင်​​နေ​ချေပြီ..။

She's a Man Where stories live. Discover now