She's a Man (Part-10)

741 84 16
                                    

She's a Man (Part-10)

-Taemin pov-

'Taemin...´

'.......´

'Oppa??´

Minho ၏ ပဟေဠိ ဆန်ဆန်မေးခွန်းကို သူဘယ်လို ပြန်ဖြေရမလဲ မသိချေ..။

'ဟို...´

'........´

'........´

'ဘာ အဓိပ္ပါယ် လဲ??´

သူ့ဆီမှ ဘာအသံမှ မထွက်လာသဖြင့် Minho တစ်ယောက် စိတ်မရှည်စွာ သူ့ဆီ တစ်လှမ်းခြင်း တိုးလာလေတော့သည်။

'ဟို..ဟို..´

သူ တစ်ခုခု ပြန်ပြောရန် ဆင်ခြေဆင်လက် များပင် ပျောက်ဆုံးလျက် အကြောက်လွန်ကာ အသားများပင် တုန်လာတော့သည်။

သူ ဒီလိုနှင့်ပင် အဖြစ်မှန်ပေါ်တော့မည်လား?!

// မဖြစ်! လုံးဝ မဖြစ်! သူ့ဘဝ အမှန်ပေါ်၍ လုံးဝ မဖြစ်ချေ //

'Lee Taemin!´

'Arrh.. Taemin အကို နာမည်နဲ့ မှား..မှားခေါ်တာထင်တယ်..´

'မင်းမှာ အကို ရှိတယ်??´

သူ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး Minho အား ခေါင်းအဆက်မပြတ် ငြိမ့်ပြလိုက်လေသည်။

'ဟုတ်တယ်..Taesun လို့ ခေါ်တဲ့ အမြွှာ အကို တစ်ယောက် ရှိတယ်..´

'ဘာ??! အမြွှာ??´

Minho ၏ ရုတ်တရပ် လန့်အော်လိုက်သော အသံကြောင့် သူရွှီးတာ များသွားပြီလား ဟု ကိုယ့်ကိုယ်ကို မလုံကာ နှုတ်ခမ်း အား နာနာကိုက်လိုက်လေသည်။

'အင်း..အဲ့တာ.. Taesun နဲ့က ဒီလိုပဲ ဘယ်သူက ဘယ်သူမှန်း မသိပဲ မှားမှား ခေါ်တတ်တယ်..´

ငြိမ်ကျသွားသော Minho အား ကြည့်ကာ သူအသက်ပဲ ရဲရဲ မရှုရဲ..။

သူပြောတာ ယုတ်တိတော့ မရှိပေမယ့် ကံကောင်းလျှင် Minho သူ့စကား အား ယုံသွားအောင် နောက်ထပ် ထွက်လာနိုင်သည့် စကားများ အတွက် သူ ပြင်ဆင်ထားလေတော့သည်။

'ဘာလို့ ကိုယ့်ကို ဒီကိစ္စ တစ်ခါမှ မပြောပြဖူးတာလဲ?´

'ဟို.. မကြုံလို့ပါ..´

သူ လွယ်လွယ်ပဲပြောရင်း လျှောချလိုက်ကာ လက်ထဲက ကိုင်ထားသော ဘူးများအား စားပွဲပေါ်တင် လိုက်လေသည်။

She's a Man Where stories live. Discover now