She's a man (Part-7)
'လိုက်မပို့နဲ့တော့ Omma..'
Taemin အိမ်ရှေ့တွင် ဖိနပ်စီးရင်း သူ့အမေ အား လှည့်ပြောလိုက်လေသည်။ ကော်ဖီဆိုင်မှ တန်းလာ၍ ဝတ်ထားသည့်ပုံစံပင် မိန်းကလေး ပုံစံ ဖြစ်နေလေသည်။
'Taemin.. သားလေး.. ဒီပုံကြီးနဲ့ အဆင်ကော ပြေရဲ့လားကွယ်..'
'ပြေပါတယ် Omma ရယ်..ကျွန်တော့် အတွက် မပူပါနဲ့.. Omma သာ ဆရာဝန် ပေးတဲ့ ဆေးမှန်မှန်သောက်..'
'အေးပါ..မင်း အကိုပေးတဲ့ Kimchi တွေ နည်းနည်းယူသွားဦးလေ..'
'ရပါတယ်.. အဆောင်မှာ ထမင်းကျွေးရင် Kimchi က ပါတာပဲကို.. Omma ပဲ စားပါ..'
'.....'
'ဒါနဲ့...'
သူ စကားစ ကား ခဏရပ်ထားရင်း..
'ဟိုလူကြီးဆီကကော အဆက်အသွယ် လုပ်သေးလား Omma ကို..?'
'ဘယ်လူကြီးလဲ..?'
'......'
'Taemin! ကိုယ့် အဖေ ကို အဲ့လို မခေါ်ရဘူးလေ..'
'ဘာပဲဖြစ်ဖြစ် ဗျာ.. သူဖုန်းဆက်ရင် လုံးဝ မကိုင်နဲ့နော်.. ကျွန်တော့် စကားကို နားထောင်..'
'အေးပါ..အေးပါ..သွားတော့..နောက်ကျနေပြီ..'
Taemin သူ့အမေ အား ဖက်ကာ နှုတ်ဆက်ရင်း အိမ်ထဲမှ ထွက်လာခဲ့တော့သည်။ သူ့အဖေ မှာ သူတို့အား မဆက်သွယ်တာ ကြာချေပြီ..။ သူတို့ ဒီဘက်ပိုင်း ပြောင်းလာထဲက အဆက်အသွယ် မရတော့ချေ..။ အဆင်ပြေ ရဲ့လားပင်မသိ..။
'အား..ငါ ဘာတွေလျှောက်တွေးနေတာလဲ?'
သူခေါင်းအား ခါရမ်းလိုက်ရင်း လမ်းလျှောက်သည့် အရှိန်နှုန်းအား မြှင့်လိုက်လေသည် ။ သူ့အမေအား ငှါးပေးထားသည့် အိမ်နှင့် သူ့အဆောင်မှာ သိပ်မဝေးလှသော်လည်း လမ်းတွင် လူပြတ်လှလေသည်။
သူနာရီ လှမ်းကြည့်လိုက်ရင်း ခြေလှမ်းအား ပိုသွက်သွက်လျှောက်လိုက်လေသည်။
![](https://img.wattpad.com/cover/38057609-288-k585567.jpg)