She's a Man (Part-9)

792 91 8
                                    

She's a Man (Part-9)

'အ.. ကျွတ်​..´

Minho တစ်​​ယောက်​ ဧည့်​ခန်းထဲက ​ကြမ်းပြင်​​ပေါ် မှ နာကျင်​စွာ လူးလှိမ့်​ ထလာမိသည်​။

ပတ်​ဝန်းကျင်​​ဘေးရှိ ပြန့်​ကျဲ​နေ​သော Soju ပုလင်း​တွေအား တစ်​ချက်​လှည့်​ပတ်​ကြည့်​ရှူ ရင်း ကြမ်းပြင်​​ပေါ် မှာ ဘယ်​လို အိပ်​​ပျော်​သွား မှန်း သူကိုယ့်​သူ ပြန်​သတိရ​အောင်​ ပုံ​ဖော်​​နေမိသည်​။

'​ရေဆာလိုက်​တာ..´

တစ်​​ယောက်​တည်း ငြီးငြူ ရင်း တစ်​ယိုင်းတစ်​ယိုင်​နှင့်​ မီးဖိုထဲ ဝင်​ကာ ​ရေခဲ​သေတ္တာဖွင့်​ပြီး ​ရေသန့်​ဘူးအား ယူလိုက်​​လေသည်​။

"Boya??"

စားပွဲ​ပေါ်တွင်​ အုပ်​ထား​သော ထမင်း ဟင်း များအား လှန်​ကြည့်​လိုက်​ရရာ မ​နေ့ညက ချက်​ထားသလိုပင်​..။

'အာ.. Lee Taemin မနက်​စာ လာမပြင်​​ပေးဘူးလား?!´

// Taemin??//

သူ ရုတ်​တရပ်​ အခုမှ Taemin အား သတိရသွား​လေသည်​။ သူ မ​နေ့က ပြန်​လာတုန်းက Taemin ညစာ ချက်​ဖို့ မ​ရောက်​​သေး..။

'​သေလိုက်​ပါ​တော့.. ´

သူ့ရဲ့ အသိစိတ်​လွတ်​​နေတဲ့ ပုံ​တွေများ ​တွေ့သွားပြီလား မသိ..။

'ဘာ​မှ​တော့ မဖြစ်​​လောက်​ပါဘူး.. ငါ မူးတာလဲ သူမမြင်​ဖူးတာမှ မဟုတ်​တာ..´

Minho တစ်​​ယောက်​ ကိုယ့်​စိတ်​ကိုယ်​ ပြန်​​လျှော့ရင်း အ​ပေါ်အကျီအား ချွတ်​လိုက်​​လေသည်​။

မ​နေ့ညပြန်လာထဲက ရုံးဝတ်​စုံ​တောင်​ မလဲရ​သေး။

သူ ထမင်းစား စားပွဲအား စိုက်​ကြည့်​​နေမိရင်း အ​တွေးထဲတွင်​ မ​နေ့ညက Jihyo လာသွားသ​ယောင်​ ​ယောင်​ အိမ်​မက်​လိုလို ဘာလိုလို ထင်​​နေမိသည်​။

Jihyo ကို​တောင်​ သူ့နားက ထွက်​မသွားဖို့ ငိုပြီး​တောင်းပန်​​နေမိတာ သတိရလာ​လေသည်​။

'Jihyo က မင်းဆီကို လာစရာလား?! အားအားယားယား.. အ​တွေး​ကြောင်​မ​နေနဲ့.. ´

'.......´

'Airshh....´

Minho တစ်​​ယောက်​ ကိုယ့်​ကိုယ်​ကို ပြန်​ဆုံးမရင်း ရုတ်​တရပ်​ Jihyo ​နေရာတွင်​ Taemin မျက်​နှာ ​ပေါ်လာသဖြင့်​ လန့်​သွား​လေသည်​ ။

She's a Man Where stories live. Discover now