She's a man (Part - 14)

841 90 24
                                    

-Taemin pov-

လေးလံသော ခြေလှမ်းများနှင့်ပင် သူ ဆေးရုံ အခန်းတံခါးအား တွန်းဖွင့်လိုက်လေသည်။ သူ Minho အား အိမ်မပြန်ပါလို့ မုသား သုံးလိုက်မိသလို တကယ်လဲ အိမ်မပြန်ဖြစ်ချေ။ ပုခုံးပေါ်တွင် ရှိနေသော Minho ကုတ်အကျီ အား ချွတ်ကာ ထိုင်ခုံပေါ်တွင် လှမ်းတင်လိုက်ရင်း သူ့အမေအား ရေပတ်တိုက်ပေးရန် ဇလုံအား ယူ၍ ရေချိုးခန်းထဲအား ဝင်လိုက်လေသည်။

ရေဘုံပိုင်မှ ဒလဟော ရေကျသံများနှင့်အတူ သူ အတွေးများလည်း ရှုပ်ထွေးလျက်..။

တီ တီ တီ။

တိတ်ဆိတ်သော ညအား ဖုန်းသံမှ ဖြိုခွင်းလိုက်လေသည်။ ဖုန်းဆက်သည့် လူအား သူသိချင်စိတ် ပြင်းပျလျက် ဖုန်းအား ဘောင်းဘီ အိတ်ထဲမှ ထုတ်လိုက်လေသည်။

-Onew Hyung-

'အော~Hyung??'

သူ ခပ်မြန်မြန်ပဲ ဖုန်းဖွင့်ကာ နားထောင်လိုက်လေသည်။

'Yah! အန်တီ ဆေးရုံတက်နေရတယ်ဆို??'

'ဟုတ်တယ် Hyung.. ဘယ်လို သိတာလဲ?'

သူ သက်ပြင်း ခပ်ငွေ့ငွေ့ချကာ ပြန်ဖြေလိုက်လေသည်။

'မင်းပေးတဲ့ လိပ်စာ အသစ်ကို ငါ့အမေ ဟိုနေ့က သွားတာ အိမ်နီးချင်းတွေက ပြောပြလိုက်တာ.. ဆေးရုံကားနဲ့ ခေါ်သွားတယ်ဆိုလို့.. မင်းကွာ ငါတို့ကိုတောင် မပြောဘူး'

'Miya~ Hyung..'

သူ အခုချိန် အများကြီး ရှင်းပြဖို့ အင်အားတောင် မရှိပါချေ။

'ဒီလိုလုပ်.. မနက်ဖြန် ငါတို့ လာခဲ့မယ်..'

'အာ Hyung~ မလို..'

'Lee Taemin! ဆေးရုံတက်နေတာ မင်းအမေပဲ မဟုတ်ဘူး။ ငါ့အမေ ညီမ ။ ငါ့အဒေါ် ဆိုတာလဲ သတိရဦး..'

'Arryasoe~'

'ငါနဲ့ ငါ့အမေ အပြင် .. ငါ့အဖေ ဒါမှမဟုတ် တစ်ခြား လူတွေလဲ ပါနိုင်သေးတယ် .. အဲ့တာကြောင့် မင်း ပုံစံ ပြောင်းထားဦး.. ငါပြောတာ သိတယ်မလား?! ငါကတော့ ကိစ္စ မရှိပေမယ့်..'

'Nae~'

မှန်ထဲတွင် ပေါ်နေသည့် သူ့ပုံစံကို ကြည့်ရင်း သူ ခေါင်းငြိမ့်ပြလိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Aug 14, 2017 ⏰

Add this story to your Library to get notified about new parts!

She's a Man Where stories live. Discover now