She's a Man (Part-5)

1K 91 9
                                    

She's a Man (Part-5)

Taemin ဆိုင်​ထဲ ​ရောက်​​တော့ ဟိုဟိုဒီဒီ ​လျှောက်​ကြည့်​လိုက်​သည်​ ။ သူတို့ကို ​စောင့်​​နေသည့်​ လူအရိပ်​အ​ယောင်​ မ​တွေ့..။

'Annyong Hasae yo~´

Minho နှုတ်​ဆက်​သံနှင့်​ အတူ သူ ​ယောင်​အမ်းအမ်းနှင့်​ နှုတ်​ဆက်​လိုက်​သည့်​ သူဆီ လှမ်းကြည့်​လိုက်​သည်​ ။

'အဟမ်း..´

အ​ရှေ့မှ ဥပဓိရုပ်​ ခပ်​​ကောင်း​ကောင်း အ​ဒေါ်ကြီး အား ​တွေ့လိုက်​သည့်​ အချိန်​တွင်​ သူ ​ချောင်းဟန့်​ကာ တွဲထား​သော Minho လက်​အား ဖြုတ်​လိုက်​​လေသည်​..။

'အင်း..​Sujin မ​ရောက်​​သေးဘူး သား.. ခဏ​စောင့်​ရဦးမယ်​ ထင်​တယ်​...´

ထို အ​ဒေါ်ကြီးမှာ Minho အား စကား​ပြောရင်း မျက်​လုံးက သူ့ထံ​ရောက်​လာ​လေသည်​..။

//ဘယ်​သူလဲဟ?//

'ရတယ်​​လေ.. ​စောင့်​ဆို​တော့လဲ ​စောင့်​တာ​ပေါ့..´

Minho က ပြုံးရင်း ပြုတ်​လိုက်​​သော သူ့လက်​အား ပြန်​ဆုပ်​ကိုင်​ ကာ ​ပြောလိုက်​​လေသည်​ ။

'သူ..သူက ဘယ်​သူလဲဟင်​?´

ထို အန်​တီကြီး၏ စကား​ကြောင့်​ သူမျက်​လုံးပြူးသွားကာ Minho အား တစ်​ချက်​လှမ်းကြည့်​လိုက်​သည်​..။

'Sujin လာမှ ​ပြောတာ ​ပေါ့..´

Minho တစ်​​ယောက်​ ခပ်​​အေး​အေး ပဲ ပြန်​​ပြောကာ သူ့အား စိတ်​​လျှော့ထားရန်​ မျက်​လုံးခြင်း ကြည့်​ကာ စကားလှမ်း ​ပြော​တော့သည်​..။

10မိနစ်​....

15မိနစ်​....

သူတို့ သုံး​ယောက်​ စကားမ​ပြောပဲ အကြာကြီး ငြိမ်​သက်​စွာ ထိုင်​​နေမိသည်​..။

//​နေပါဦး.. အဲ့ Sujin ဆိုတဲ့ ​ကောင်​မ​လေး က ဘာလို့ မလာ​သေးတာလဲ?//

သူ စိတ်​မ​ရှည်​စွာ Minho လက်​ပတ်​နာရီ အားလှမ်းကြည့်​ကာ ​အောက်​မှ ​နေ၍ Minho ​ခြေ​ထောက်​ အား ​ဒေါက်​ဖိနပ်​ နှင့်​ ဖြည်းဖြည်း ​လေး လှမ်းတို့ လိုက်​​လေသည်​..။

ရုတ်​တရပ်​ မို့ Minho လဲ လန့်​သွားကာ သူ့အား ဘာလဲ ဆို​သော ပုံစံနှင့်​ မျက်​ခုံးပင့်​ကာ လှမ်းကြည့်​​တော့သည်​..။

She's a Man Where stories live. Discover now