She's a Man (Part- 8)

964 96 13
                                    

She's a man (Part-8)

-Taemin pov-

'Taemin ssi??´

'Nae??´

သူ ​ကော်​ဖီခွက်​​တွေ ​ဆေး​နေရင်း ​ခေါ်သံကြားလိုက်​ သဖြင့်​ နဖူးမှ ​ချွေးများအား သုတ်​ကာ မီးဖို​ချောင်​ ထဲမှ ​ပြေးထွက်​လာမိ​တော့သည်​။

'Vip ဧည့်​သည်​ တစ်​​ယောက်​ ​ရောက်​​နေတယ်​.. အဲ့တာ Taemin က ဒီမှာ ​ကော်​ဖီ​ဖျော်​တာ အ​ကောင်းဆုံးမလား.. သူ့ကို ဘာ ​သောက်​မလဲ အရင်​သွား​မေးလိုက်​.. ´

'Nae~ Nae~´

သူ လက်​သုတ်​ကာ နာရီ ကြည့်​လိုက်​​လေသည်​။

//​ကျောင်းသွားဖို့ နာရီဝက်​ လို​ပေ​သေးသည်​//

'​ဒေါက်​..​ဒေါက်​..´

သူ vip အခန်းတံခါးအား ​ဖြေးညှင်းစွာ ​ခေါက်​လိုက်​ရင်း အထဲက တုံ့ပြန်​မည့်​ အသံအား နားစွင့်​​နေလိုက်​မိသည်​။

'ဝင်​ခဲ့ပါ..´

နူးညံ့ သိမ်​​မွေ့​သော ​​အသံ နှင့်အတူ သူ တံခါးဖွင့်​ပြီး ဝင်​လိုက်​ချိန်​ ​တွေ့လိုက်​ရ​တာက​တော့ အဖြူ​ ​ရောင်​ ဒူး​ဖုံး ဂါဝန်​ ​လေးနဲ့ အဝါ​ရောင်​ ရှူးဖိနပ်​​ တွဲဖက်​ ဝတ်​ဆင်​ထား​သော ​ကောင်​မ​လေး ​ချော​ချော​လေး တစ်​​ယောက်​..။

ချောသည်​ ဆိုသည်​ထက်​ နူးညံ့ပြီး ကျက်​သ​ရေ ရှိသည့်​ပုံဆို ပိုမှန်​ပါ​လိမ့်​မယ်​..။

'ဘာ သုံး​ဆောင်​မလဲ မသိဘူး..´

'Black Coffee ​ပေးပါ​နော်​..´

သူ့အား ​မော့ကြည့်​ရင်း ​တောက်​​တောက်​ပပ ပြုံးပြ လိုက်​​လေ​တော့သည်

'Nae~´

'ဟို.. ဒါနဲ့..´

သူ လှည့်​ထွက်​ရန်​ အကြံ အ​နောက်​မှ သူ့အား ​ခေါ်လိုက်​သံ​ကြောင့်​ သူ ပြန်​လှည့်​ကြည့်​လိုက်​​လေသည်​။

'Min.. အဲ.. ဆရာက ဘယ်​အချိန်​ ​ကော်​ဖီဆိုင်​ကို လာတာလဲဟင်​?

ထို​ကောင်​မ​လေး အ​မေး​ကြောင့်​ သူ​ကြောင်​သွားရင်း..

'ဘယ်​က ဆရာကို ​ပြောတာလဲ?´

'ဒီဆိုင်​ ပိုင်​ရှင်​ကို ​ပြောတာ​လေ.. Choi Minho´

She's a Man Where stories live. Discover now