She's a man (Part-6)

1K 88 2
                                    

She's a man (Part-6)

-Taemin pov-

'Tae..Taemin na??´

သူ အခန်းထဲဝင်လာတော့ ပြတင်းပေါက် နားတွင်ရပ်ကာ သူ့အား ကြောင်ကြည့်နေသော Miyoung အား တွေ့လိုက်လေသည်။

'Nor? Wori Oppa နဲ့..?´

'Boga?´

သူ မသိချင်ယောင် ဆောင်ကာ ပြန်မေးလိုက်လေသည်။

'မဟုတ်မှလွဲရော..နင်တို့နှစ်ယောက်..?´

'Arrni ya!!´

တစ်နေ့လုံး ဒုက္ခပေးလာသော သူ့၏ လေးလက်မ ဒေါက်ဖိနပ် အားချွတ်ကာ Miyoung အား ပြန်အော်လိုက်လေသည်

'အဲ့တာဆို နင်က သူနဲ့ ဘာလို့ ပြန်လာတာလဲ?´

Miyoung ၏ အမေးအဆုံးတွင် Minho က သူ့အား ဒီနေ့ကိစ္စကို သူ့ညီမ အား မပြောရန် မှာလိုက်သည် ကို ပြန်သတိရသွားလေသည်

'ဘာမှမဟုတ်ဘူး.. လမ်းထပ်မှာတွေ့လို့.. ကားကြုံလိုက်ပို့တာ..´

'Hmm..? Minho oppa က အဲ့လောက် လူမူရေး သိတတ်တဲ့သူ မဟုတ်ပါဘူး..´

Miyoung က သူ့အား မယုံသလို မျက်နှာရှုံ့မဲ့ကာ ကြည့်လိုက်လေသည်

'ဘာမှ မဟုတ်တာ သေချာလား?´

'အော..ဒုက္ခပါပဲ..´

Taemin တစ်ယောက် ဘယ်လို ရှင်းလို့ ရှင်းရမှန်း မသိဖြစ်နေလေသည်။

'ငါ နင့်နဲ့ဆို Oppa နဲ့ သဘောတူတယ်..ဟီးး..´

//အမလေးးး //

Miyoung တစ်ယောက် ပြုံးစိစိ လုပ်ကာ သူ့အား အနောက်မှ လှမ်းဖက်လိုက်သောကြောင့် သူ လန့်ပင်လန့်သွားလေသည်။

'နေ..နေပါ..´

Miyoung အနောက်မှ ဖက်ထား၍ စိတ်လှုပ်ရှားနေတာလား Minho နဲ့ အစ ခံရ၍ စိတ်လှုပ်ရှား နေတာလား သူ့ကိုယ်သူ တောင်ပင် သေချာမသိချေ။

'အစက နင်တို့ နှစ်ယောက်ကို မိတ်ဆက် ပေးမလို့ လုပ်ထားတာ.. အခု နင်တို့က သိတောင် နေပြီဆိုတော့..´

'တော်တော့...´

သူ Miyoung အား ပိတ်တွန်းကာ ရေချိုးခန်း ထဲဝင်၍ Lock ချ လိုက်လေသည်။ ရင်ထဲတွင် အမျိုးအမည် မသိသော ခံစားချက် တစ်ခုအား ခံစားလိုက်ရရင်း မှန်ထဲတွင် ပေါ်နေသော ကိုယ့်ပုံအား တစ်ချက်ကြည့်ကာ သက်ပြင်း အရှည်ကြီး ချလိုက်လေတော့သည်။

She's a Man Where stories live. Discover now