She's a Man (Part-3)

993 103 1
                                    

She's a Man? (Part-3)

Taemin သူ​ရှေ့ ကြမ်းပြင်​ ​ပေါ်တွင်​ ပုံရက်​လဲကျ​နေ​သော ​ကောင်​​လေး အား ကြည့်​ရင်း ဘာလုပ်​ရမှန်း မသိ ဖြစ်​သွား​လေသည်​ ။

ထားခဲ့လို့ကလဲ မရ..။ ​ခေါ်သွားရ​အောင်​လဲ..။

'Airshh...​ဟိတ်​​ကောင်​..´

Taemin , Minho ၏ ​ခြေ​ထောက်​အား လှမ်းကန်​ရင်း နှိုးလိုက်​​သော်​လည်း တုတ်​တုတ်​​​တောင်​ မလှုပ်​​ချေ..။

'Yahh!!!´

သူ အသံနည်းနည်း မြှင့်​၍ ​အော်​လိုက်​ရာ အိမ်​သာ နား ဖြတ်​သွား​သော တစ်​ချို့​ကောင်​​လေး များပင်​ သူ့အား ကွက်​ကြည့်​ကွက်​ကြည့်​ ကြည့်​သွား​တော့သည်​..။

'Lee Taemin တို့ ဒီ​နေ့ တစ်​​နေကုန်​ ကံဆိုးချက်​က..´

သူ ပွစိပွစိ ​ရေရွတ်​ရင်း Minho အား ဆွဲထူကာ ပုခုံး​ပေါ်လက်​တင်​၍ ​ကောက်​တွဲလိုက်​​လေသည်​..။

Minho မှာ အရပ်​​အ​တော်​ပင်​ မြင့်​​လေရာ သူ့လို သာမာန်​ ​ယောကျာ်း ​လေးတန်းဝင်​ အရပ်​မြင့်​​သော သူပင်​ Minho နားရွက်​ ​လောက်​​လေး ပင်​ ရှိသည်​..။

'ဟို..သူ့ကို ဘယ်​လို..´

Taemin ,Minho အား သူ့သူငယ်​ချင်း ​တွေဆီ တွဲ​ခေါ်သွားကာ ​မေးလိုက်​​လေသည်​ ။

'အာ.. ဒီ​ကောင်​​တော့ လုပ်​ပြန်​ပြီကွာ.. ´

'ဒါဆို..´

Taemin , Minho အား ခုံ​ပေါ်တွင်​ ချကာ ပြန်​ထွက်​ သွားမည်​ အလုပ်​..။

'ဟိတ်​..ဟိတ်​..ဘာလို့ ထားသွားတာလဲ´

'Nae??´

//ထားမသွားလို့ ငါက အိမ်​​ခေါ်သွားရမှာလား?//

'ကိုယ်​တို့က ခဏ​နေ ​နောက်​တစ်​​နေရာ ​ပြောင်း​တော့မှာ.. အဲ့ဒါ အဲ့​ကောင်​ကို ဒီက ညီမ ကပဲ တာဝန်​ ယူလိုက်​ပါ​နော်​..´

'Nae?????´

Minho ၏ သူငယ်​ချင်း စကား​ကြောင့်​ သူ ရုတ်​တရပ်​ ထ ​အော်​မိသွား​တော့သည်​..။

'အိမ်​ ဖြစ်​ဖြစ်​ ပြန်​ပို့လိုက်​ပါလား..´

'သူ့ အိမ်​ မသိဘူး..´

She's a Man Where stories live. Discover now