She's a man (Part-11)
-Taemin pov-
သူ Jihyo ဆီက ပြန်လာတော့ ညတောင် အတော်မှောင်နေချေပြီ..။ ပိတ်ထားပြီ ဖြစ်သော အဆောင် တံခါးကို ခပ်သွက်သွက် ကျော်တတ်ကာ လေးလံသော ခြေလှမ်းများ ဖြင့် အဆောင်ထဲဝင်လာမိတော့သည်၊
Miyoung ကတော့ ဒီနေ့ အိမ်မှာ အိပ်၍ ကျန်ခဲ့သည့် အလျောက် ဒီနေ့ သူတစ်ယောက်တည်းပင်။
'တီ တီ တီ..´
သူ အခန်းတံခါး ဖွင့်ပြီး ဝင်လိုက်သည့်အလျောက် ဖုန်းသံပါ ကပ်၍ ပါလာလေသည်။
'အင်း Onew hyung..´
ဖိနပ်အား ဖြစ်သလို ကန်ချွတ်ရင်း သူ ဖုန်းဖြေလိုက်လေသည်။
'Taemin ah? ဒီ စနေ အားလား?´
'စနေ ?´
သူ ရုတ်တရပ် Minho ကို သတိရသွားပြန်သည်။
'အားပါတယ်.. ဘာဖြစ်လို့လဲ? ´
'Kibum ညီမလေး လေ.. မင်းမှတ်မိတယ် မလား?´
'မမှတ်မိဘူး..ဘယ်သူလဲ?´
'အာ.. မင်းကလဲ..ငယ်ငယ်တုန်းက မင်း ဘယ်သွားသွား အနောက်က လျှောက်လိုက်နေတဲ့ ကလေးမ လေ.. မျက်လုံး ပြူးပြူးလေး နဲ့..´
'Arhh.. Kim Monhee?? ´
'အင်း.. ´
'ဘာဖြစ်လို့လဲ? ´
သူ ကုတင်ပေါ်တွင် ပက်လက်လန် အိပ်ရင်း သူ့အကိုအား မေးခွန်းထုတ်လိုက်လေသည်။
'အင်း.. Momhee ဂျပန်က ခဏ ပြန်လာလို့..အဲ့တာ ခဏတွေ့ကြမလား လို့.. စနေ မင်းအားတယ်ဆို ပြီးတာပဲလေ..´
'ရပါတယ်.. နေ့လည်ပိုင်း ခဏလောက်..´
သူ စိတ်မပါသလို ပြန်ဖြေရင်း ဖွင့်ထားသော ပြတင်းပေါက် အပြင်ဘက်အား ငေးကြည့်နေမိသည်။
'အော် ဒါနဲ့.. Monhee မင်းဖုန်းနံပါတ် တောင်းလို့တောင် ငါပေးလိုက်သေးတယ်.. ဆက်သေးလား?´
'မဆက်..ဘာ??!!´
သူ ကုတင်ပေါ်မှ ဝုန်းကနဲ ထ ထိုင်ရင်း အော်လိုက်မိတော့သည်။ ဒါဆို ဟိုနေ့က ဆက်တဲ့ ကောင်မလေး က Monhee လားမသိ။
![](https://img.wattpad.com/cover/38057609-288-k585567.jpg)