She's a Man (Part-12)

738 91 5
                                    

She's a man (Part-12)

-Taemin pov-

'Hyung..´

သူ Onew ကို တွေ့သည်နှင့်တစ်ပြိုင်နက် ခုံဆွဲကာ ခပ်မြန်မြန်ဝင်ထိုက်လိုက်လေသည်။

စောနက Jonghyun နဲ့ တိုက်မိ၍ ရင်တုန်ခဲ့တာ မပျောက်သေး..။ ကံကောင်း၍သာ သူ့ကို မမှတ်မိခြင်း ဖြစ်ပေသည်။

ဘာလို့ သူက ဒီကို ပါလာတာလဲ Aishh!

'Taemin ah~ မတွေ့ရတာ ကြာပြီ..´

'Nae~´

သူ Kibum စကားအား အလိုက်သင့်ခေါင်းငြိမ့်ရင်း ပြုံးလိုက်လေသည်။ Kibum ကတော့ သူ့ကို သိပ်သတိထားမိသည့်ပုံ မပေါ်..။

'Nor?! Monhee လား?´

သူ့ဘေးတွင် ထိုင်နေသော အခုမှ သတိထားမိတဲ့ ကောင်မလေး အား သူ လှည့်ကာ မေးလိုက်လေသည်။

'Nae~ Oppa အ..အရင်နဲ့ မတူတော့ဘူးနော်..´

'ဘယ်လို မတူတော့တာလဲ?´

သူအား အထစ် အထစ်နှင့်ပြောနေသော ကောင်မလေး အားသူနောက်တစ်ခါ မေးလိုက်လေသည်။

'ပိုချောလာတယ်..ဟီးး.. ´

'Yahh! Kim Monhee!!´

Kibum အော်သံနှင့်အတူ သူတစ်ချက် ပြုံးလိုက်လေသည်။

အမှန်ဆို သူ ယောကျာ်းလေးလို မဝတ်ဖြစ်တာ အတော်ပင် ကြာချေပြီ။ ဒီနေ့အတွက် အိမ်ပြန်ပြီး ယောကျာ်းလေး အကျီလဲကာ ဆက်ထားသော ဆံပင်များပင် ပြန်ဖြုတ်ခဲ့သေးသည်။

'ဒါပြီးရင် ရုပ်ရှင်သွားကြည့်ရအောင်..´

' *** ကား တင်နေတာ ကောင်းတယ် ပြောတယ်..´

သူ စကားဝိုင်းအား စိတ်မပါစွာ နားထောင်ရင်း ဖုန်း screen ပေါ်မှ ပေါ်နေသော အချိန်အား စိုက်ကြည့်နေမိတော့သည်။

အခုချိန်လောက်ဆို Minho ရောက်နေလောက်ပြီ..။

Jihyo နဲ့ကော တွေ့ပြီးသွားကြပြီလား?

သူ့ကိုများ ရှာနေမလား?

ဒါမှမဟုတ် Jihyo နဲ့များ ပြန်အဆင်ပြေသွားကြပြီလား?

သူ့ခေါင်းထဲတွင် အတွေးများစွာနှင့် လေးလံနေတော့သည်။

'တီ..တီ..တီ..´

She's a Man Where stories live. Discover now