IV [R 18+] (Unicode)

18K 797 258
                                    

Trigger Warnings: Rape, Harassment and Violence

Vegas

" မင်းရော Kanရော ငါ့ကိုကူရမယ်! မဟုတ်ရင် ဒုက္ခရောက်မယ့်လူက ငါတစ်ယောက်တည်းမဟုတ်ဘူးဆိုတာသိထားလိုက်! "

Big ငါ့ရဲ့အခန်းထဲကထွက်သွားသွားချင်း သူ့လုပ်ရပ်တွေကြောင့် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်နေခဲ့တဲ့ ငါရဲ့ဒေါသတွေက ပိုပြီးအရှိန်မြင့်ကုန်တယ်။ သူ့ရဲ့အသိဉာဏ်မဲ့စွာ အချက်အလက်တွေပေါက်ကြားစေခဲ့မှုကြောင့် ငါတို့ကိုပါအမိဖမ်းနိုင်မယ့်သက်သေတွေရဖို့ အကြောင်းပေါ်သွားနိုင်တယ်။ ကုမ္ပဏီပစ္စည်းခိုးထုတ်မှုကိစ္စသာပျံ့သွားရင် ငါ Kinnကို တစ်လျှောက်လုံး နောက်ကျောဓားနဲ့ထိုးတဲ့လုပ်ရပ်တွေလုပ်နေမှန်း ခြေရာခံမိသွားနိုင်မှာပဲ။

" သေစမ်းကွာ!! "

တွေးလေတွေးလေ ဒေါသထွက်လေပဲ။ Bigက တကယ့်ကိုငတုံးကောင်ပဲ! ဘာဖြစ်လို့များ ငါက ဒီလိုငတုံးကောင်မျိုးတွေနဲ့မှ အလုပ်လုပ်နေရတာလဲ? တစ်ခုခုမလုပ်ခင် ကြိုတင်ချင့်ချိန်စဥ်းစားတတ်တဲ့လူ တစ်ယောက်မှမပါဘူး။ Tawanလဲ ဒီလိုပဲ! ရူးနေတဲ့လူတစ်ယောက်လို လုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တယ်။

< ဒီနေရာမှာ main storyက အကြောင်းအရာအချို့ကို နည်းနည်းပြောပြရရင်...Kinnရဲ့exဖြစ်တဲ့ Tawanက ပြန်ပေါ်လာပြီး Kinnကိုပြန်ချဥ်းကပ်ပါတယ်။ Porscheကိုလ​ဲ Kinnနဲ့ဝေးဝေးနေဖို့ မကြာခဏခြိမ်းခြောက်တတ်ပြီး ၊ Porschayကို အသက်အန္တရာယ်ပြုမယ်ဆိုတာတွေအထိ ပြောတာပါ။ Porschayပျောက်ရတာကလ​ဲ Tawanက Porschayကို ဂိုဒေါင်တစ်ခုဆီ ပြန်ပေးဆွဲသွားလို့ပါ။ အဲဒီမှာ ယောက်ျားတွေအများကြီးခေါ်လာပြီး ကလေးကို rapeလုပ်ခိုင်းဖို့အထိပါ ကြံခဲ့တာပါ။ ဒါပေမဲ့ အားလုံးအချိန်မီရောက်သွားလို့ ကယ်လိုက်နိုင်ပါတယ်။ Tawanကလဲ သူလုပ်သမျှတွေက ငြင်းမရတော့ဘ​​ဲ ဘူးပေါ်သလိုပေါ်ကုန်လို့ Vegasအကြောင်းကိုပါ သူသိသလောက်ဖော်ကောင်လုပ်သွားပါတယ်။ ပြောရရင် အဲ့မှာထဲက Vegasက ဒေါသတွေထွက်လာပြီးသားပါ...ဒီရောက်တော့ ပိုဆိုးကုန်တာ>

ငါ စားပွဲပေါ်မှာရှိသမျှပစ္စည်းတွေကို အကုန်ပေါက်ခွဲပစ်လိုက်တယ်။ ဒီနေ့ ငါ့ကို ခေါင်းကိုက်အောင်လုပ်တဲ့လူတွေ များနေပြီ။ ဂိုဒေါင်မှာရှိနေခဲ့တုန်းကလဲ Tawanဆိုတဲ့ကောင်တစ်ယောက် ချောင်ပိတ်မိပြီး ၊ လွတ်လမ်းမရှိတော့တဲ့အဆုံး Kinnကိုအတင်းဖက်ပြီး အတူတူငရဲအထိသွားတော့မယ့်ပုံနဲ့။ ပြောလိုက်သေးတယ် ငါက Kinnနဲ့ပတ်သက်သမျှအကြောင်းစုံ သူ့ဆီသတင်းပို့နေတဲ့သူပါတဲ့။ အဲ့အချက်ကိုတော့ ငါတကယ်မငြင်းလိုပါဘူး။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now