VIII-1 (Unicode)

12.5K 844 280
                                    

Trigger Warnings: Rape attempt at the beginning

Pete

" မင်း...မင်းကိုပဲ "

ငါ မျက်လုံးတွေကို ဖိမှိတ်ထားရင်း ပြန်ဖြေလိုက်တယ်။

တကယ်တော့ ငါ အဲ့လိုမျိုးတကယ်လိုချင်နေတာမဟုတ်ဘူး။ ဒီကနေ ထွက်ပြေးလိုက်ချင်တာ။ ဒါပေမဲ​့ Vegasပြောခဲ့တဲ့စကားကြောင့် သူ့ကို ငါ့အပေါ် ဆိုးရွားတဲ့အရာတွေ လုပ်ခွင့်ပြုပေးလိုက်ဖို့အပြင် တခြားရွေးချယ်စရာမရှိတော့ဘူးပဲ။

သူ့မျက်လုံးတွေက မုဆိုးတစ်ယောက်ရဲ့မျက်လုံးတွေလိုပဲ။ လှောင်သယောင်အကြည့်တွေက ငါ့ကို သူ့ရဲ့သားကောင်အဖြစ် သိမ်းသွင်းလိုက်နိုင်တဲ့အပေါ် အားရကျေနပ်နေမှန်း သိသာတဲ့သက်သေပေါ့။ သူ့နှုတ်ခမ်းတွေ မဲ့ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီးနောက် သူ့ရဲ့ခေါင်းက ငါ့လည်တိုင်နားဆီ တိုးဝင်လာတယ်။ ငါ မျက်လုံးတွေမှိတ်ထားရင်းကနေ တစ်ကိုယ်လုံးတောင့်ခဲသွားမိတယ်။ Vegasက သူ့နှုတ်ခမ်းတွေကို ငါ့ရဲ့အပေါ်ပိုင်းခန္ဓာကိုယ်အနှ့ံ ပြေးလွှားစေလိုက်တော့ ငါ တစ်ကိုယ်လုံး ကြက်သီးတွေ ထ လာတယ်။ ငါ့ကိုယ်ငါ ဒီညစ်ညမ်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ အသက်ဆက်ရှင်နေမှာလား ၊ သေပစ်လိုက်မှာလား ဆိုတဲ့အပေါ် ဝေခွဲမရဖြစ်လာတယ်။

" ေတာ်တယ်...ရိုးရိုးလေးပဲလေ တွေ့လား "

Vegasက ငါ့ရဲ့နားရွက်ဆီ တတိတိ ဖွဖွကိုက်ရင်း ပြောလာတယ်။ အဲဒီတီးတိုးစကားသံက ငါ့ရဲ့ကျောရိုးတစ်လျှောက်လုံးကို ဖျင်းခနဲဖြစ်သွားစေတယ်။ ဆက်ပြီးရလာတော့မယ့်နာကျင်မှုတွေကို တွေးကြည့်လိုက်မိတော့ ငါ ခက်ခက်ခဲခဲနဲ့ တံတွေးမျိုချလိုက်မိတယ်။

" ငါ့ကိုလွှတ်... "

ကူကယ်ရာမဲ့နေပေမဲ့လဲ သူ့လုပ်ရပ်တွေ ရပ်လိုရပ်ငြား ဒီစကားကိုတော့ ငါ ပြောမိနေတုန်းပဲ။ ငါ ပြန်ခုခံပစ်လိုက်ချင်တယ် ၊ ခန္ဓာကိုယ်က ခွန်အားတွေမှန်သမျှကိုသုံးပြီး ရုန်းကန်ပစ်ချင်တယ်။ ဒါပေမဲ​့ အဲဒီလိုလုပ်လိုက်မိရင် Vegasက ထုံးစံအတိုင်း ငါ့ကို ပိုပြီးအနာတရဖြစ်အောင် လုပ်လိမ့်မှာ။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now