VII-2 (Unicode)

13.2K 865 412
                                    

Trigger Warnings: Implied rape and force by the end

Pete

ကျွီ~

ငါ ဘာအစီအစဥ်တစ်ခုမှတောင် မစဥ်းစားရသေးခင် Vegasက ရှူးရှူးရှားရှားနဲ့ အခန်းထဲကိုဝင်လာတယ်။ ဒါ တကယ်ကြီးကို ငါ့ရဲ့ကံပဲလား? ငါ့မျိုးရိုးနာမည်ကို 'သေ' လို့သာ ပြောင်းပေးကြပါတော့လား? ငါ ဘာလို့ ဒီနောက်ပိုင်း ခဏခဏသေနေရတာလဲ?

ငါ အသက်ဝဝရှူလိုက်ပြီး သူ့ဆီအကြည့်ပို့လိုက်တယ်။ Vegasက ဒေါသတကြီးနဲ့ ပစ္စည်းတွေအကုန် ပေါက်ခွဲလွှင့်ပစ်နေပြန်ပြီ။

" သေစမ်း! မျိုးမစစ်တဲ့ကောင်! "

သူ့ရဲ့ထိတ်လန့်စရာအပြုအမူတွေကို ငေးကြည့်ရင်း ငါကအခန်းအလယ်တည့်တည့်မှာ တောင့်တောင့်ကြီး။ သူက အခင်းစကိုဆွဲခွာပြီး ၊ ဆွဲဖြဲပစ်သေးတယ်။ သူ့မျက်လုံးတွေမှာ ဒေါသမီးတွေအပြည့်။ မြင်မြင်သမျှကို ဒေါသတကြီးကြည့်နေတာ။ သူ့ရဲ့အမူအရာတွေက ထိန်းမနိုင်သိမ်းမရနဲ့။ မနေ့ကမှ ပျောက်သွားတဲ့ သူ့မျက်နှာပေါ်က နီရဲရဲလက်ဝါးရာက အခုတော့ သူ့အဖေကြောင့် အသစ်ပြန်ဖြစ်သွားပြီပဲ။

" မင်း ဘာလာကြည့်နေတာလဲ? "

ဒါပေါ့, ဒီအခန်းထဲမှာ သူ့အပြင် တခြားသူဆိုလို့ ငါပဲရှိတာလေ။ သူ ငါ့ဆီ ဒေါသမျက်လုံးတွေနဲ့ လှမ်းကြည့်လာတယ်။ ငါ စိတ်လှုပ်ရှားမှုနဲ့ အကြောက်တရားကို အတတ်နိုင်ဆုံး မသိသာအောင် ကြိုးစားလိုက်ပေမဲ့ ဘယ်လောက်ကြာအောင် ဖုံးကွယ်နိုင်မလဲဆိုတာတော့ မသေချာဘူး။ Vegasက ငါ့ဆီလျှောက်လာနေပြီမို့။ ငါ့နှလုံးက ခုန်ထွက်​တော့မတတ် တဒိန်းဒိန်းဖြစ်လာတယ်။

" ငါ့ကို အဲ့လိုမျိုးဆက်ပြီးကြည့်နေရင် မင်းကိုငါအပြစ်ပေးမှာ "

Vegasရဲ့လက်တွေက ငါ့ကိုလှမ်းဆွဲကိုင်လာတော့မလို့ပဲ။ ဒါပေမဲ့ ငါကအရင် အရှေ့တစ်လှမ်းတိုးလိုက်ပြီး ၊ သူ့မျက်နှာပေါ်က နီရဲရဲလက်ဝါးရာဆီ ခပ်ဖွဖွလှမ်းထိလိုက်တယ်။

" နာနေလား? "

ငါ ခပ်တိုးတိုးမေးလိုက်တော့ Vegas ချက်ချင်းငြိမ်ကျသွားပြီး သူ့ရဲ့ ဒေါသတကြီးဖြစ်နေတဲ့မျက်လုံးတွေ အရောင်ပြောင်းကုန်တယ်။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now