VI-1 [R 18+] (Unicode)

13.4K 766 198
                                    

Trigger Warnings: Rape, Violence, Physical / Verbal Abuse

Pete

Vegas အခန်းထဲကနေ ထွက်သွားတာနဲ့ ငါ့ရဲ့လွတ်မြောက်ဖို့စီမံကိန်းကို စလိုက်တယ်။ တကယ်ဆို ငါ ေလသာဆောင်ကနေ ခုန်ချလိုက်ချင်ပေမဲ့ ချိန်းကြိုးကြောင့် လုပ်မရခဲ့ဘူး။ နံရံနဲ့ နာနာရိုက်ကြည့်တာတောင် ဒီချိန်းကြိုးကလဲ ပြုတ်မယ့်ပုံမပေါ်။

အဲဒီနည်းက နည်းနည်းကြောင်မှန်း ငါသိတယ်။ ဒါပေမဲ့ အဖျားချွန် ၊ မာကြောတဲ့ပစ္စည်းတွေသုံးပြီးဖြစ်ဖြစ် ဒီချိန်းကြိုးကိုဖြုတ်ပစ်နိုင်ဖို့ ငါ့ခေါင်းထဲမှာ အထပ်ထပ်တွေးကြည့်ပြီးသား။ ဒါပေမဲ့ ရှာလို့မှမတွေ့တာပဲ။ အဲဒီတော့ ငါ့အတွက်က ဒီခပ်ကြောင်ကြောင်နည်းတစ်နည်းပဲ ရှိတော့တယ်။ ငါ့လက်ကို ချိန်းကြိုးလက်ထိပ်ဆီကနေ ဆွဲထုတ်ကြည့်ဖို့ လုပ်လိုက်သေးတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...နာတာပဲ အဖတ်တင်တယ်။

အချိန်ကုန်ဆုံးရင်း တဖြေးဖြေး ညဥ့်နက်လာပြီ။ ငါကတော့ အခုထိ ခုတင်အောက်တွေ ၊ အံဆွဲတွေထဲကစလို့ ချောင်ကြိုချောင်ကြားမကျန် သုံးလို့ရမယ့်တစ်ခုခု တွေ့လိုတွေ့ငြား ရှာနေမိတုန်းပဲ။ ဒါပေမဲ့ ဘာဆိုဘာမှတွေ့မလာဘူး။ အဝတ်ဗီရိုထဲလဲ ဖွင့်ရှာကြည့်သေးပေမဲ့ အချွန်နဲ့တူတဲ့ပစ္စည်းဆိုလို့ ဘာတစ်ခုမှမတွေ့ဘူး။ နောက်ဆုံးတော့ အဝတ်တွေကိုပဲ ခြေရာလက်ရာမပျက်အောင် ပြန်ခေါက်သိမ်းလိုက်ရတယ်။

တကယ်ဆို ဒီတစ်ခန်းလုံးက အရမ်းကိုရှင်းလင်းသေသပ်လွန်းနေတာ။ ငါ အံဆွဲတွေဆီ နောက်တစ်ခေါက် ထပ်ရှာကြည့်လိုက်တော့ အံဆွဲတစ်ခုထဲမှာ မူမမှန်တဲ့ပစ္စည်းတွေ သွားတွေ့တယ်။ ဘာလား!

" ဘာကြီးတွေလဲ? "

ငါ အဲ့ဟာတွေကို အံဆွဲထဲကနေ ထုတ်ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိတယ်။

" ဘာလားဟ?! သောက်ကျိုးနဲ "

ငိုးမသား, Vegas! သောက်ကျိုးနဲ နှာဘူးကောင်! သူ အံဆွဲထဲမှာ သိမ်းထားတာတွေက သံကြိုးတွေ ၊ လက်ထိပ်တွေနဲ့ မျိုးစုံသော sex toysတွေ...?! ငါ တစ်ကိုယ်လုံးကြက်သီးတွေတောင် ထလာတယ်။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now