X-3 (Unicode)

14.7K 873 954
                                    

Pete

" ဘယ်သွားမလို့လဲ? "

ငါ့ရဲ့တစ်နေ့တာကတော့ ခါတိုင်းလိုပါပဲ။ ဒါပေမဲ့လို့ ငါဘာမေးမေး Vegasဆီကနေ လိုရင်းတိုရှင်းအဖြေလောက်ပဲပြန်ရနေတယ်။ ပြောရရင် သူ ဒီနေ့လဲတကယ်ကြီးအလုပ်များနေခဲ့တာပဲ။ အိပ်ခန်းထဲပြန်ဝင်လာတဲ့အခါမျိုးဆိုရင်တော့ ငါ့ပါးတွေကိုခပ်သွက်သွက်ရွှတ်ခနဲနမ်းသွားတာမျိုးရှိသေးတယ်။

ညနေလောက်ရောက်တော့ သူရေမိုးချိုးအဝတ်အစားလဲတယ်။ ပြီးတော့ ရေမွှေးဆွတ်တယ်။ အဲဒီအနံ့က ငါသူ့ကိုစောင့်ကြည့်နေစဥ်တုန်းက သူ့ဆီကနေ တရင်းတနှီးရနေကျအနံ့ပဲ။ ငါ လက်ပိုက်ရက်သားနဲ့ ရေချိုးခန်းတံခါးဆီကျောမှီရပ်ရင်း သူ့ဆီ မျက်ခုံးပင့်အမေးဆိုလိုက်မိတော့...။

" ဂျူနီယာတစ်ယောက်ရဲ့မွေးနေ့ပါတီသွားစရာရှိလို့။ ငါ အိမ်ပြန်နောက်ကျမယ်။ အိပ်နှင့်လိုက်နော် "

သူ့အဖြေကိုကြားကြားချင်း ဘာဖြစ်လို့စိတ်ပျက်သွားသလိုခံစားမိသလဲ ငါ့ကိုယ်ငါမသိဘူး။

" အိုကေလေ, ဒါဆိုလဲ အရင်ပြောသွားဦး "

" ဘာကိုပြောရမှာလဲ? " Vegasကတော့ မှန်ဆီပဲမျက်နှာမူထားရင်း ငါ့အကြည့်တွေကိုလစ်လျူရှုထားတုန်း။ ငါမျက်မှောင်တွေ ပိုကျုံ့ပစ်လိုက်မိတယ်။ သူ ငါ့ကို တစ်နေကုန်စကားလဲကောင်းကောင်းမပြောဘူး။ တကယ့်တကယ်လာပြောတော့ကျ ညနေအပြင်သွားမယ့်ကိစ္စ! ဒါနဲ့ ငါကရောဘာတွေဒီလောက်စိတ်တိုနေရတာလဲ?!

" မင်း ဘယ်အချိန်ပြန်လာမှာလဲ? "

" စတိုးဆိုင်တွေက ညသန်းခေါင်လောက​်ဆိုပိတ်ပြီလေ " သူက အေးအေးလူလူပြန်ဖြေလာတယ်။

" ၄နာရီ! "

သူ ဘာတွေလုပ်နေလဲဆိုတာ တစ်ချက်တောင်အာရုံမထားဘဲ ငါ သူ့ဆီအမိန့်သံအပြည့်နဲ့ပြောပစ်လိုက်တော့...။

" ဟက် "

Vegasက ရယ်လိုက်ပြီး ငါ့ကိုမှန်ထဲကတစ်ဆင့်လှမ်းကြည့်လာတယ်။ သူ့မျက်နှာကတော့ ငါ့ဆီကနေတစ်ခုခုမျှော်လင့်နေသေးသလိုလိုနဲ့။

" ဘာရယ်တာလဲ? " ငါတော့ ပိုပိုပြီးစိတ်တိုလာတော့တာပဲ။

" ၅နာရီ " Vegasက အထွန့်တက်တယ်။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now