IX-3 (Unicode)

15K 834 502
                                    

Pete

' သင်က အမှန်တကယ်ဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ထုတ်ပေးမယ် '

အင်း... ...Vegas, မင်း ဒီနောက်ပိုင်း ဘာတွေများတွေးနေတာလဲ, ငါ သိရမှဖြစ်မယ်!

" Vegas "

" အင်း ဘာလဲ? "

သူ လေသံတိုးဖျော့ဖျော့နဲ့ ပြန်​​ဖြေလာတယ်။ တကယ်အလုပ်ရှုပ်နေတာမို့ သူ့အကြည့်တွေက ငါ့ဆီတော့ရောက်မလာဘူး။ သူက ဖိုင်တစ်ခုကိုကောက်ကိုင်ပြီး ၊ ခဏလောက်ဖတ်ကြည့်လိုက်ပြီးမှ laptopနဲ့ စာနည်းနည်းရိုက်လိုက်သေးတယ်။

" တစ်နေ့မှာ မင်းကမင်းသူငယ်ချင်းတွေနဲ့အတူ ေတာထဲမှာ အပျော်တမ်းခရီးထွက်တယ်ပေါ့။ အဲဒီမှာ ရုတ်တရက် အရမ်းလှတဲ့ကျောက်ဆောင်တစ်ခုကိုမြင်လိုက်လို့ မင်းက ခဏရပ်ကြည့်မိသွားတယ်။ ဒါပေမဲ့ မင်းအနောက်ကိုလဲ ပြန်လှည့်လိုက်ရော မင်းသူငယ်ချင်းတွေတစ်ယောက်မှမရှိတော့ဘူး။ အဲ့လိုဆို မင်း ဘာဆက်လုပ်မလဲ? တစ်- ဒီအတိုင်း ဆက်သွားမယ် ၊ နှစ်- တောလမ်းအတိုင်းသွားပြီး စမ်းချောင်းတစ်ခုရှာမယ် ၊ သုံး- ကျောက်ခဲကို အပေါ်မြှောက်ပစ်ကြည့်ပြီး သူတို့ထွက်သွားတဲ့လမ်းကိုရှာမယ် ၊ လေး- ေအာ်ပြီးအကူအညီတောင်းကြည့်မယ်။ မင်း ဘယ်ဟာကိုရွေးမလဲ? "

" အင်း... ...ငါ တောထဲသွားရတာမ​ကြိုက်ဘူး " Vegasက အေးအေးလူလူပြန်ဖြေတယ်။

" ဒါက ဥပမာပေးထားတာလေ "

" အင်း... ...ငါသာဆို အစတည်းက ကျောက်ဆောင်ကိုရပ်မကြည့်လောက်ဘူး "

" အား! ကြည့်တယ်လို့ပ​ဲ သဘောထားလိုက်ကွာ! "

" ဒါဆို ဒီအတိုင်းပဲရပ်နေမယ် "

" ေရွးစရာထဲမှာ အဲဒါမပါဘူးလေ "

" အိုကေ, ဒါဖြင့် အော်ပြီးအကူအညီတောင်းမယ် " Vegasက တစ်စက်ကလေးတောင် အာရုံမထားဘဲ ပြီးစလွယ်ဖြေလာတာ။

" အဲဒါ မင်းအဖြေပေါ့? " ငါ လေသံမာမာနဲ့ ထပ်မေးလိုက်တယ်။

" အင်း, ငါ အကူအညီတောင်းမယ် "

" အိုကေ, ဒါဆို နံပါတ်နှစ်။ စွန့်ပစ်ခံထားရတဲ့အိမ်ကြီးတစ်အိမ်ဆီရောက်သွားမယ်ဆိုရင် မင်း ဘာဆက်လုပ်မလဲ? တစ်- အရှေ့တံခါးကို ခေါက်မယ် ၊ နှစ်- နောက်ဖေးတံခါးကို ခေါက်မယ် ၊ သုံး- ပြတင်းပေါက်ကနေ ကျော်တက်မယ် ၊ လေး- အိမ်ရှေ့မှာပဲ ဒီအတိုင်းရပ်နေမယ် "

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now