X-1 (Unicode)

12.7K 847 471
                                    

Warning: Implied mature content in some parts

Pete

ငါ အခန်းထဲမှာ ကြံရာမရစွာလှည့်ပတ်လျှောက်နေမိတယ်။ ခုနကလေးတင် first familyကနာရေးအကြောင်း Nopကိုမေးကြည့်ပြီးပြီ။ ဒါပေမဲ့ Nopက Vegasအနောက်ကိုလိုက်ရတဲ့ bodyguardမဟုတ်ဘဲ အိမ်မှာပဲတာဝန်ကျနေရတာမို့ ဒီကိစ္စကို သူလဲသိပ်မသိလှဘူး။ လောလောဆယ်မှာ သူ့ရဲ့တာဝန်က ငါ့ကိုစောင့်ကြည့်ဖို့တစ်ခုထဲရယ်တဲ့။ နောက်ဆုံးတော့ ငါလဲ ကိုယ့်ဘာသာပဲ အတွေးကမ္ဘာထဲလမ်းပျောက်ရပြီ။

P'Chanများလား? မဟုတ်လောက်ပါဘူးလေ။ သူက ငယ်တုန်း သွက်တုန်းရယ်။ သေစရာအကြောင်းမရှိဘူး။ ဒါမှမဟုတ် ငါ အရမ်းသဘောကျရတဲ့စားဖိုမှူး အန်တီPrikများလား? မဟုတ်သေးဘူး...အန်တီ့ရဲ့ဟင်းလက်ရာမျိုးက ဘန်ကောက်မှာ တွေ့ရဖို့သိပ်ခက်တာ။ အန်တီလဲ သေလို့မဖြစ်ဘူး။ ဒါဆို ဘယ်သူများလဲ? အာ, ငါ တကယ်မသိတော့ဘူး။ သေချာတာကတော့ အကုိလေးရော ၊ Khun Kinnရော ၊ Khun Kimရော တစ်ယောက်မှတော့မဖြစ်နိုင်လောက်ဘူး။ မဟုတ်ရင် အခုလောက်ဆို first familyရော ၊ second familyမှာပါ ပွက်လောရိုက်နေမှာ။ ဟင်! ဒါမှမဟုတ် P'Jetများလား? P'Jetက အသက်၆၀ဝန်းကျင်ရှိနေပြီမို့ သူကဖြစ်နိုင်ချေပိုများတာပဲ။ အသက်အရွယ်ကြောင့်ထင်ရဲ့။ အကုိလေးတော့ တကယ်ဝမ်းနည်းနေတော့မှာ။ ဒါပေမဲ့လဲ တထစ်ချတော့ပြောလို့မရသေးဘူးပဲ။

ငါ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ငါရင်းနှီးရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ဆိုရင်ရော ဘယ်လိုလုပ်မလဲ? အနည်းဆုံးတော့ ဂါရဝလေးပြုဖို့ပဲဖြစ်ဖြစ် သူတို့ဈာပနကို သွားသင့်တာလေ။ ငါက ဘာလို့ ဒီလိုအချိန်ကျမှ ဒါမျိုးချိန်းကြိုးတွဲရက်သားကြီးနဲ့ အချုပ်ခံနေရတာလဲ? အား! တကယ်စိတ်မရှည်တော့ဘူး။ Vegasကရော ဘာလို့အခုထိပြန်မလာသေးတာလဲ?!

Vegasကိုစောင့်နေရင်းပဲ ဈာပနအတွက်ဆုတောင်းပေးလိုက်မလားလို့ တွေးလိုက်မိတယ်။ ဒါနဲ့ပဲ အိပ်ရာပေါ်မှာ ခြေပဆစ်တုတ် ပြင်ထိုင်ပြီး လက်အုပ်ချီလိုက်တယ်။

< E transထဲမှာ ဘုရားရှိခိုးဆုတောင်းစကားတွေကို translatorက ချန်သွားပါတယ်။ အဲ့တော့ ကိုယ်လဲ Peteဘာတွေဆုတောင်းသလဲမသိလိုက်ပါဘူး >

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now