VIII-2 (Zawgyi)

4.8K 142 18
                                    

Pete

" လာပါကွာ...ငါ မင်းကို သီချင်းဆိုပြမယ် "

" မင်းကို ဘယ်သူကဆိုပြခိုင်းလို့လဲ? " ငါ ချက်ချင်း မျက်မှောင်ကျုံ့လိုက်မိတယ်။

သူက သီချင်းဆိုပြဦးမယ်တဲ့လေ။ ပြောရရင် သူ့ရဲ့ဒီလိုပုံစံမျိုးကို ငါမမြင်ဖူးတာတော့မဟုတ်ဘူး။ သူ့ကို နောက်ယောင်ခံလိုက်ခဲ့တဲ့အချိန်တုန်းက ကျောင်းကသူငယ်ချင်းတွေနဲ့အတူ ဂစ်တာတီး ၊ သီချင်းဆိုကြတာမျိုး မကြာခဏမြင်ရနေကျ။ ဒါပေမဲ့ ဒါကြီးကတော့ သိပ်မဟုတ်သေးဘူးလေ။ သူ ဘာဖြစ်နေပြန်တာလဲ?

" မင်းပဲ ငါ့ကိုဘာလုပ်ပေးမှာလဲမေးနေပြီးတော့။ နားမထောင်ချင်ဘူးဆိုရင်လဲ တခြားအပျင်းပြေမယ့်ဟာတစ်ခုခုလုပ်ပေးရတာပေါ့ "

Vegasက ငါ့ခန္ဓာကိုယ်ဆီ အကြည့်ရွှေ့ရင်းပြောလာတော့ ငါ ခေါင်းအုံးတစ်ခု ကမန်းကတန်းဆွဲယူလိုက်ပြီး ဗလာကျင်းနေတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို မြန်မြန်ကာပစ်လိုက်ရတယ်။

" ဆို ဆို...ဆိုလိုက်တော့ "

ငါ ဘာမှလဲ အထွန့်တက်နေလို့မရပါဘူးလေ။ အစတည်းက သူ လုပ်ချင်တာကို အသာတကြည်လုပ်ခွင့်ပေးလိုက်ရမှာ။ သူ တစ်နေ့တခြား ပိုပိုပြီးထူးဆန်းလာနေတာပဲ။ သူ့စိတ်အခြေအနေကလဲ ကောင်းမွန်လွန်းနေလို့ ငါကိုယ်တိုင်တောင်စိတ်တိုရတဲ့အထိ။

Vegasက ဂစ်တာကို ခပ်ဖြေးဖြေးလေး စ တီးလာတယ်။ ဒါက ငါရင်းနှီးနေတဲ့သံစဉ်ပဲဆိုပေမဲ့ ဘာသီချင်းမှန်းတော့ သေချာစဉ်းစားလို့မရဘူး။ ဒါပေမဲ့ သူ့ပါးစပ်ကနေ စာသားကို စ ဆိုလိုက်ချင်းတင်ပဲ ငါ ချက်ချင်းမျက်မှောင်ကျုံ့မိသွားတယ်။

< စာလုံးအစောင်းလေးတွေနဲ့ရေးထားတာတွေက Vegasဆိုနေတဲ့ သီချင်းစာသားတွေပါ။ E transရဲ့ translatorကတော့ ဒီသီချင်းစာသားကို ကာရန်ညီအောင် စာလုံးလေးတွေနည်းနည်းထပ်ထည့်ပြီး transထားတယ်လို့ပြောပါတယ်။ ကိုယ်လဲ သီချင်းစာသားတွေကို မြန်မာလို ဖတ်ရအဆင်ပြေအောင် စာလုံးလေးနည်းနည်းပိစိထပ်ပြင်ပါမယ်နော် >

" နှစ်ပတ်ကြာပြီးတော့ သူပြန်ကောင်းလာတယ်~ Kinnက အချက်အလက်တွေရလိုက်ပေမဲ့ သူ့ကိုယ်ရံတော်လေးကတော့ ဒဏ်ရာတွေပဲရလိုက်တယ်~ ဆင်းရဲလို့ အရာရာကိုသည်းခံရတယ်တဲ့~ ပျော်ပျော်နေဖို့ သူ့ကိုယ်သူဖိအားပေးရင်းပေါ့~ " ဒီလူကတော့ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်တမင်လုပ်နေတာပဲ။ သူ့မျက်လုံးတွေကို ငါ့ဆီမှာကျောက်ချထားရင်း ငါ့ရဲ့တုန့်ပြန်မှုကို စောင့်ကြည့်ဖို့အသင့်ပြင်ထားလိုက်သေးတယ်။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now