VII-1 (Unicode)

12.8K 775 266
                                    

Trigger Warnings: Implied rape and force by the end

Pete

ငါ အိပ်ရာထဲကထွက်ပြီး ရေချိုးခန်းဆီ ခက်ခက်ခဲခဲလျှောက်သွားလိုက်တယ်။ ငါ့ရဲ့ဝေဒနာတွေ​က အခုဆို ဒီထက်ထပ်ပြီး ပိုနာကျင်ရဖို့ဆိုတာ ထပ်မရှိနိုင်တော့တဲ့အထိ...အနာကျင်ရဆုံးအ​ခြေအနေကို ရောက်နေသလို ခံစား​ေနရတယ်။ ငါ့ဘဝကို ဒီလိုပုံစံမျိုး ဘယ်လောက်ကြာကြာ ဖြတ်သန်းနေရဦးမှာလဲ? ငါ စိတ်ရောကိုယ်ပါ ပင်ပန်းလှပြီ။ ရှင်သန်နေရတာ လူမဟုတ်သလိုပဲ။

အခုချိန်လောက်ဆို အိမ်တော်ကလူတွေကလဲ ငါ့ကိုသေသွားပြီလို့ ထင်နေကြလောက်ပြီ။ Khun Kinn, ကျွန်တော့်ကို မေ့များနေသလား? အကုိလေးရော, ကျွန်တော် အိမ်တော်မှာရှိမနေတာနဲ့ပတ်သက်ပြီး ထူးဆန်းတယ်လို့မခံစားရဘူးလား? ရုတ်တရက်ကြီး ငါ စိတ်ပျက်အားငယ်လာမိတယ်။ ဒါပေမဲ့ တစ်ခြားရှုထောင့်ကနေကြည့်ရင် Khun Kinnက ငါ့ကိုကယ်ထုတ်ဖို့ နည်းလမ်းရှာနေတာလဲဖြစ်နိုင်တာပဲ။ Porscheရော...​နောက်ပြီး Armနဲ့ Polရော...။ သူတို့လဲ ငါ့ကိုမေ့ထားကြမှာမှမဟုတ်တာ။ သူတို့အားလုံး တစ်ခုခုစီစဥ်နေကြတာပဲဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် မြန်မြန်လေးလာကယ်ပေးကြပါတော့။ ငါ ဒါကိုဘယ်လောက်ကြာအောင် ဆက်ပြီးတောင့်ခံနိုင်ပါ့မလဲဆိုတာ မသိ​တော့ဘူး။

ဘဝတစ်လျှောက်လုံး တစ်ကြိမ်တစ်ခါမှ ဒီလောက်အထိ ကိုယ့်ကိုကိုယ် အားနည်းပျော့ညံ့တယ်လို့မခံစားခဲ့ရဖူးဘူး။ ငါ ကိုယ့်ကိုကိုယ် အရမ်းသနားမိတယ်။ သေမတတ်ပဲ!

ငါ ရေသေချာချိုးပြီး မျက်နှာတွေ ၊ မျက်လုံးတွေကို သေချာသန့်စင်လိုက်တယ်။ Vegasက ရေချိုးခန်းထဲမှာ တစ်ကိုယ်ရေသုံးပစ္စည်းတွေ အမျိုးစုံထားထားတာပဲ။ ဒါပေမဲ​့ ဘယ်ဟာတွေကို ဘယ်လိုသုံးရမှန်း ငါမသိဘူး။ ဟေး...ဒါမှမဟုတ် ငါ ရေမချိုးဘဲ နေရမလား။ ငါ့ကိုယ်ငါ ညစ်ပတ်အောင်နေလိုက်ရင် Vegas ငါ့အနားကိုမကပ်လောက်တော့ဘူးမဟုတ်လား။ ဒါပေမဲ့ ငါ့ကိုယ်ပေါ်က အညစ်အစွန်းတွေကို မသတီတာတော့အမှန်ပဲ။ Vegas ငါ့အပေါ် ဘာတွေလုပ်ခဲ့မှန်း ပြန်တွေးလိုက်မိရုံနဲ့တင် ငါ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြောင်နေအောင် ပြန်ဆေးချပစ်လိုက်ချင်တာ။ ခန္ဓာကိုယ်ရဲ့လက်ရှိအခြေ​အနေအတိုင်း သည်းခံမနေနိုင်မှတော့ ခုနကနည်းလမ်းက ငါ့အတွက် အသုံးဝင်မှာမဟုတ်ဘူး။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now