1.7K 140 25
                                    

Unicode

မနက် ၆ နာရီ

နာရီကိုနှိုးစက်ပေးပြီး ၆ နာရီဆိုထကာ
တစ်ယောက်သောသူအား မောနင်း ဟု စာပို့သည်။

ဒါသူနေ့စဥ်လုပ်နေကြလုပ်ငန်းတစ်ခု
မောနင်း ဆိုတဲ့စာပို့လာတာ နှစ်နှစ်လောက်ရှိပြီ
ယခုထိတော့ ပြန်စာမရသေးပါ။

သို့ပေမယ့် အားလျော့မှာမဟုတ်
စာပို့ပြီးစိတ်အေးသွားမှ ပြန်အိပ်ချင်အိပ်မည်။

ကျောင်းနောက်ကျမှာတော့မပူရ
ပါပါးသေးသေးလေးကအခန်းထဲထိလာနှိုးလိမ့်မယ်

များများစားစားတွေးမနေပဲ အိပ်ရာပြန်ဝင်လိုက်သည်။

~~~~~~

"ကုကီး! ကုကီးရေ...ထတော့ဟေ့"

"အွန်း..."

အွန်းဟုပြောပြီး ပြန်ငြိမ်သွားတဲ့ ဂျောင်ကု ကို
ဂျီမင်းစိတ်မရှည်တော့

"အေအေမထနဲ့ ရေခဲသေတ္တာထဲကသားရဲ့နို့ဗူးတွေကို ပါပါးနဲ့ဒယ်ဒီသောက်ပစ်တော့မှာ"

"ထပြီ! အခုထိပြီပါး ရေချိုးပြီးရင်ဆင်းလာမယ်ဗျို့"

"ဒီလိုမှပေါ့"

သားကနို့ဗူးတွေကိုအခုထိကြိုက်တုန်း
ဒါပေမယ့် နို့ဗူးတွေထက်ကြိုက်တဲ့လူကိုသူတွေ့ထားတာ သုံးနှစ်လောက်ရှိပြီရယ်

~~~~~~

ထမင်းဝိုင်းမှာ ဒယ်ဒီ နမ်ဂျွန်းရယ်
ပါပါး ဂျီမင်းရယ် စောင့်နေ၏။

"မြန်မြန်လာစား ပြီးရင်ကျောင်းသွားတော့"

"ဂျီဂျီကဘာတွေပြောနေတာတုန်း မင်းသားကဘယ်တုန်းကကျောင်းကိုဖြောင့်ဖြောင့်သွားလို့လဲ"

"ခွီး! ဟုတ်သားပဲ သူ့ဆရာဝန်လောင်းလေးဆီသွားရအုံးမယ်"

"ဟာဗျာ..."

"မဟုတ်လို့လား"

"ဟုတ်တယ် ဟီးဟီး"

ကင်မ် မိသားစုဟာ သုံးယောက်တည်းပေမယ့်အင်မတန်ပျော်ဖို့ကောင်း၏။
လွတ်လွတ်လပ်လပ် မိဘနှင့်သားသမီးသူငယ်ချင်းတွေလို နေနိုင်ကြသည်။

ဂျောင်ကုက သူ့မှာအဖေနှစ်ယောက်ရှိလို့ဆိုပြီး ဘယ်တော့မှမျက်နှာမငယ်ရဖူးဘူး
တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းရှိကြသည်။

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now