၁၅

559 90 30
                                    

unicode

သိပ်မကျဥ်းလှသည့်ခြံဝန်းလေးထဲတွင်
သစ်သားအိမ်ကလေးတစ်လုံးရှိနေသည်။

ခိုင်ခိုင်မာမာသစ်သားအိမ်ကလေးက
ချစ်စရာကောင်းပြီး လူနှစ်ယောက်စာအတွက်အပြည့်အဝလုံခြုံမှုရှိသည်။

အရှေ့ကကြည့်လျှင် သိပ်မကျယ်လှသည့်ခြံဝန်းကလေးက
အနောက်ဘက်မှာတော့ စိုက်ခင်းနေရာအကျယ်ကြီးရှိနေ၏။
ယခင်နေခဲ့သော သူများက အသီးအနှံများစိုက်ခဲ့ဟန်တူသည်။

ထယ်ယောင်းအမေ၏ မွေးရပ်မြေဖြစ်သော
ထိုနေရာလေးက အေးချမ်းလှသည်။
ထယ်ယောင်းတို့အပိုင်ခြံကွက်လေးဖြစ်ပြီး
အိမ်ငှားထားထားခဲ့သည်။

အိမ်ငှားများပြောင်းသွားပြီးမှ
ဂျောင်ကုတို့ရောက်လာခြင်းပင်။
​အိမ်မှာလူနေသွားတာသိပ်မကြာသေးသဖြင့်အထူးတလည်ရှင်းလင်းစရာတော့မရှိ...

~~~~~~

အိမ်လေးထဲတွင် ညားကာစ အိမ်ထောင်သည်နှစ်ဦး၏ စကားသံ၊ရယ်သံများပျံ့လွင့်နေ၏။

"ချစ်သည်းရေ ချော်မယ်နော် "

"ဘာမှမဖြစ်ပါဘူးမောင်ရဲ့"

အသန့်ကြိုက်လွန်းတဲ့ ဟိုဆော့ဟာ အိမ်ကိုသူစိတ်တိုင်းမကျမချင်းကို ရှင်းလင်းနေတော့တာ
ကြမ်းတိုက်နေတာလည်း မနက်ကတည်းက အခုမှပြီးတော့သည်။

ဧည့်ခန်းကျဥ်းလေးထဲမှာခုံများကို သေချာပြန်စီစဥ်သည်။

ပစ္စည်းတွေမရှိပေမယ့်
ပရိဘောဂတွေရှိနေသေးတော့
အဆင်ပြေလှသည်။

"ဒီနေရာမှာ TV လေးထားရင်မိုက်မယ်နော်မောင်"

"အင်း "

"ဒီနားမှာက ပန်းအိုးလေးထားရမယ်"

အိမ်ကို သူ့စိတ်ကြိုက်ပြင်ချင်နေတဲ့ ချစ်သည်းကိုကြည့်ပြီး အသည်းယားမိနေတာတော့အမှန်ပင်။

"လာပါအုံး"

"ဘာလဲမောင်"

"လာပါအုံးဆို"

"အင်း အင်း လာပြီ"

ခုံပေါ်မှာထိုင်ရင်း အနားရောက်လာသူကို
ရင်ခွင်ထဲဆွဲသွင်းကာ ပေါင်ပေါ်ထိုင်စေလိုက်၏။

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now