unicode
ကျောင်းဖွင့်ရက်ပေမယ့်
အတန်းမတက်ပဲ မောင့်တိုက်ခန်းမှာသာအချိန်ကုန်လိုက်တော့သည်။ပက်လက်အိပ်နေတဲ့ ဂျောင်ကု ရင်ဘက်ပေါ်မှာ ဟိုဆော့ကအိပ်လျှက်
တစ်ကယ်တမ်းဘယ်သူမှအိပ်မရပါဘူး
ပြောစရာစကားတွေမရှိပဲ ဒီတိုင်းငြိမ်နေကြခြင်းသာ
အခန်းငယ်ဟာလည်းတတ်ဆိတ်လျှက်"မောင်"
"ချစ်သည်း"
"မောင် ငါ့ကိုမထားခဲ့ဘူးမဟုတ်လား"
"ဘာလို့ထားခဲ့ရမှာလဲ သိပ်ချစ်တာကို"
"ငါမောင့်ကိုယုံတယ်နော် မောင်စိတ်မပျက်ဘူးမဟုတ်လား"
"မောင်စိတ်မပျက်ပါဘူး"
အနည်းငယ်စိတ်ရှုပ်နေယုံပါ။
"ငါတို့ ဘာဆက်လုပ်ကြမလဲမောင်"
"ခိုးပြေးကြမယ်"
"ဘယ်လို! "
ဂျောင်ကု စကားကြောင့်အိပ်နေရာကနေ
ဟိုဆော့ထထိုင်လိုက်၏။"မောင့်ကိုချစ်ရင် မောင့်နောက်လိုက်ခဲ့ပါ"
ဟန်နာပြောခဲ့သည့် စကားတွေကို
ဟိုဆော့ပြန်ကြားယောင်လာပြန်သည်။သူကဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူး
ဟူ၍။"မောင့်ကိုမယုံလို့လားဟင်"
"မ...မဟုတ်ပါဘူးမောင်ရယ်
အတွေးများသွားလို့ပါ""ဒါဖြင့်ဘာတွေအတွေးများနေတာလဲ"
"နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေပေါ့"
"ဟူး မောင်ကတော့မခွဲနိုင်ဘူးလေ
ဒီနည်းကလွဲလို့ဘာနည်းရှိသေးလို့လဲ""ဘယ်လိုလုပ်ရမလဲ မောင်နဲ့မခွဲနိုင်တာတော့အမှန်ပဲ ဒါပေမယ့်..."
"ဒါပေမယ့် ဘာဖြစ်လဲချစ်သည်းရာ"
အခန်းတံခါးကို ဆောင့်တွန်းဖွင့်သံကြားရပြီး
အခန်းအပြင်ထွက်ကြည့်တော့ဝတ်စုံအနက်များနှင့်လူငါးယောက်
နောက်တွက်အသင့်ပါလာသူက
မစ္စဂျောင်နှင့် ဟန်နာ!
YOU ARE READING
မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)