699 110 28
                                    

unicode

ခြံထဲကိုရောက်တယ်ဆိုရင်ပဲ
အိမ်ကိုရောက်ဖို့ကားအတော်လေးမောင်းရသေး၏။

အဲ့သည်လောက်တောင် ကျယ်ဝန်းသည့်ခြံကြီးတွင် ဟိုဆော့ကြီးပျင်းခဲ့ရသည်သာ...

အဆင်သင့်ဖွင့်ပေးလာတဲ့ကားတံခါးကနေဆင်းလာပြီး အိမ်ကြီးထဲသို့ဝင်လိုက်သည်နှင့်
အစေခံများကအလျှိုအလျှိုခေါင်းငုံ့ကာ
ကြိုဆိုကြ၏။

"သားလေး ရောက်လာပြီလား"

"ဟုတ်ကဲ့ မေကြီး "

ခမ်းနားလှတဲ့အိမ်ကြီးရဲ့အရှင်သခင် အမျိုးသမီးကြီးဟာလည်း သိပ်ကိုကျက်သရေရှိတယ်...

ထိုအမျိုးသမီးကြီးဟာ ဟိုဆော့ရဲ့မိခင်ပါတဲ့
အသက်သုံးဆယ်ကျော်မှ ဟိုဆော့ကိုမွေးထားတာကြောင့် ဟိုဆော့အရွယ်ရောက်တဲ့အချိန်မှာ အမေဟာအသက်ရနေပြီ
သို့ပေမယ့် အရှိန်အဝါကလုံးဝပျောက်ကွယ်သွားခြင်းမရှိပဲ အမြဲတောက်ပနေသောအမေ

အမေဟာ သိပ်လှသလောက်
သိပ်ကိုရက်စက်တယ်

ဟိုဆော့မှာ အသက်ဆယ်နှစ်လောက်ကွာသောအစ်မအရင်းတစ်ယောက်ရှိ၏။
သို့ပေမယ့် အစ်မကအိမ်မှာတင်မက မိသားစုစားရင်းထဲမှာပင် မရှိတော့တာကြာလေပြီ

အိမ်ကအလုပ်သမားတစ်ဦး၏သားနှင့် ချစ်ကြိုက်ပြီး
လိုက်ပြေးသွားတာမို့
မျိုးရိုးဂုဏ်ကိုမထောက်ပဲ လုပ်ချင်ရာလုပ်သွားတဲ့အစ်မကို အမွေဖြတ်စွန့်လွှတ်လိုက်တာကြာပေါ့...

အရင်က...
တစ်ခါတစ်လေအစ်မကိုအရမ်းလွမ်းလို့
အစ်မဆီကိုသွားလည်တဲ့အခါ
အခန်းထဲမှာတစ်ပတ်လောက်သော့ခတ်ခံခဲ့ရဖူးတယ်...

"သားကိုမေကြီးခေါ်လိုက်တာဟာ ပြောစရာရှိလို့သား"

"ဟုတ် ပြောပါမေကြီး"

"အခုတော့ နားလိုက်ပါအုံး ရေမိုးချိုးပြီး
မေကြီးနဲ့အတူ ထမင်းစားကြရအောင်"

"ဟုတ်ကဲ့မေကြီး"

အပြင်မှာ ဂျောင်ကုတို့နဲ့စားထားပေမယ့်
မေကြီးအမိန့်ကိုမလွန်ဆန်ချင်တော့တာ
ကြောင့် မဆာလည်းထပ်စားရမည်သာ...

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now