607 97 9
                                    

unicode

ချစ်သူစဖြစ်ကတည်းက
ကင်ဂျောင်ကုတို့အရင်ထက်ပိုတက်ကြွနေတော့သည်။

စားလည်းချစ်သူလေး
အိပ်လည်းချစ်သူလေး
ဖြစ်နိုင်လျှင်တစ်ဦးတည်းသောချစ်သူလေးကို ဘယ်သွားသွားအိတ်ကပ်ထဲထည့်သွားချင်ပါသည်။

~~~~~~~

"မောနင်း ချစ်သည်း"

"မောနင်း မောင်..."

"မနက်စာစားပြီးပြီလား"

"မစားရသေးဘူးလေမောင်ရဲ့ အိပ်ရာထဲမှာပဲရှိသေးတာ"

"အူး...အိပ်ချင်မူးတူးအသံနဲ့ အသည်းယားလာပြီနော်..."

"ဟွန့်...မောင်ကတော့...
ဒါပဲ ဒါပဲ ရေချိုးတော့မယ် ဗိုက်လည်းဆာနေပြီ"

"နေအုံး! ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်"

"ဟင် !"

လှမ်းကြည့်လိုက်တော့ အဆောင်ရှေ့မှာပါဆယ်ထုပ်ကိုဆွဲပြီး စောင့်နေလေရဲ့

အတော်ခက်တဲ့မောင်ပါလားနော်
အဆောင်ရှေ့ရောက်နေတာအစောကြီးထဲကမပြောဘူး

အိပ်ချင်မူးတူးနဲ့ ထွက်လာတဲ့ ဟိုဆော့ကို
ဂျောင်ကု အသည်းယားစွာ ပါးကိုဆွဲဖျစ်လိုက်၏။

"နာတယ်မောင်ရဲ့...ဘာလို့ရောက်နေတာမပြောတာလဲလို့.."

"Surprise လေဟဲဟဲ... မနက်စာလာပို့တာ"

"ကဲကဲပေး...ပြန်တော့ ကျောင်းနောက်ကျနေမယ်"

"ပြန်မှာပါဗျာ...ဒါပေမယ့် အာဘွားပေး"

"ဟာ...ရှက်စရာကြီး "

"ပေးမှပြန်မှာ!"

အာဘွားမရမချင်းပြန်ပုံမပေါက်တဲ့ဂျောင်ကုရယ်ပါ...

ဘေးဘီနှစ်ဖက်ကိုကြည့်ကာ
ခြေဖျားကိုထောက်လျှက်
မောင့်ပါးသို့ ရှက်ရှက်နှင့် ရွှတ်ခနဲနမ်းလိုက်၏။

ထိုအခွင့်အရေးကိုစောင့်နေတဲ့ဂျောင်ကုဟာ
ဟိုဆော့ကိုအလွတ်မပေးပဲ ခေါင်းကိုအသာကိုင်လျက် ပါးနှစ်ဖက်ကိုအဆက်မပြတ်အားဘွားပေးပြီးမှ လွှတ်လိုက်တော့သည်။

"ရားးးး...ဂျောင်ကု...လစ်လစ်!"

အဆောင်ထဲကနေအတင်းတွန်းထုတ်မှပြန်သွားတော့သည်။

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now