827 127 15
                                    

Unicode

ဆေးကျောင်းဝန်းထဲကို
ဝင်လိုက်တယ်ဆိုရင်ပဲ
အားလုံးရဲ့အကြည့်တွေက ပြိုင်ကားအနီလေးဆီသို့...

အနီရောင်တောက်တောက်ပြောင်လက်နေတဲ့ကားထဲကထွက်လာတဲ့လူဟာလဲ
အားလုံးငေးယူရလောက်တဲ့အထိကို
ကြည့်ကောင်းလွန်းနေတယ်....

ယောက်ျားပီသတဲ့မျက်နှာမျိုးနဲ့အတူ
ခပ်ရှည်ရှည်ဆံပင်တွေကဆွဲဆောင်မှုတစ်ခု
တစ်ကိုယ်လုံးခြုံကြည့်လိုက်လျှင်ဒီလူငယ်ဟာ မော်ဒယ်တစ်ဦး သရုပ်ဆောင်တစ်ဦးအလား...

ဘေးကငေးနေတဲ့လူတွေကိုဂရုမစိုက်အား
သူ့ရဲ့ဦးတည်ချက်တွေက ချစ်ရသူဆီသို့သာ...

ဟိုဆော့အတန်းသို့မသွားခင် ကန်တင်းမှာ
ဟိုဆော့ကြိုက်တတ်တဲ့ ice americano
ကိုအရင်ဝင်ဝယ်၏။

ဆိုင်ကလူတွေနဲ့ပင်ရင်းနှီးနေပြီ
ဆိုင်ရှင်ဦးလေးက သူကိုယ်တိုင်ဖျော်ပေးတတ်သည်။

တစ်ဆိုင်လုံးလည်း ဂျောင်ကုအား
ဇွဲကောင်းတဲ့ကောင်လေးဟုပင်သိထား၏။

~~~~~~

အခန်းရှေ့ရောက်ပါပြီ
ကျွန်တော့်ချစ်ရသူက...ခုံပေါ်မှောက်အိပ်နေလေရဲ့...

"ကျစ်! ညည့်နက်တဲ့ထိစာကျက်ပြန်ပြီထင်တယ်"

အတန်းထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ
အစ်ကိုကြီးတစ်ချို့ကလှမ်းနှုတ်ဆက်ကြ၏။

လူမှုဆက်ဆံရေးကောင်းတဲ့ ဂျောင်ကုက ဟိုဆော့အတန်းထဲကသူတွေနဲ့ပင်ဘော်ဒါဖြစ်နေပြီ

"ငါတောင် ရည်းစားငါးယောက်လောက်ပြောင်းနေပြီ မင်းကအခုထိအဖြေမရသေးဘူး" ဟူ၍ လှောင်သည်ထက် စကြတဲ့စကားတွေကို ဂျောင်ကုခံရစမြဲ
စနောက်မျှကိုပြုံးပြုံးကြီးခံရင်း
ဟိုဆော့ခုံနားသို့သာလှမ်းခဲ့၏။

"ဂျောင်ကုရောက်လာပြီလား
ဟိုဆော့ကိုနှိုးလိုက်မယ်"

"နေနေ အစ်ကိုဆော့ဂျင် သူအိပ်ပါစေ"

"အင်း စာမေးပွဲနီးတော့သူစာကျက်တာတွေညည့်နက်နေတာ "

"အစ်ကိုဆော့ဂျင်က ပိုဂရုစိုက်ပေးပါအုံးနော်
ကျွန်တော်ပြန်လိုက်အုံးမယ်"

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now