unicode
"ဂျောင်...နည်းနည်းတော့ကြာတယ်နော်
တို့စောင့်နေတာကြာလှပြီ""ဆောရီးပဲ ဟန်နာ ကိုယ် ငထယ်တို့နဲ့စကားဖြတ်မရဖြစ်နေလို့မနည်းထွက်လာရတယ်"
"no problem ပါ သွားကြမလား"
"အင်း ကားပေါ်တက်...ဟန်နာသွားချင်တဲ့နေရာကိုယ်လိုက်ပို့မယ်"
ဂျောင်ကု ကအဲ့လိုပြောလိုက်တော့ ဟန်နာရှက်ပြုံးလေးပြုံးမိ၏။
ရူပဗေဒမေဂျာ၏ Queen ဟန်နာဆိုတဲ့သူမဟာ
ချောလွန်းသည် လှလွန်းသည်။
မာနကလည်းကြီးလွန်းသည်။
ဘယ်သူမှ လိုက်လို့မရဘူးဟူ၍ ပင်နာမည်ကြီး၏။
ဘယ်လိုပင်မာနကြီးပါစေ ဂျောင်ကုနဲ့တွေ့တော့ သူရည်အရည်ပျော်ရ၏။ဂျောင်ကုရဲ့ အပြောနဲ့ရုပ်ရည်တို့ကိုလွန်ဆန်နိုင်တဲ့မိန်းကလေးရှိပါ့မလား...
ကားမောင်းနေတုန်း စာတစ်စောင်ဝင်လာ၏။
ပုံမှန်စာဝင်နေကြ ငထယ်တို့ရယ် အော်ပရေတာတွေရယ် ဇယားအနည်းငယ် ရယ် တို့အတွက် မက်ဆေ့အသံက တစ်ခုတည်းသာသို့သော် နှစ်တစ်ရာမှာတစ်ခါသာပို့တဲ့
ဟိုဆော့အတွက်တော့ ဖုန်းအသံရော
မက်ဆေ့ချ် အသံပါပြောင်းထားသည်။>> အင်း
အစ်ကိုကဘယ်တုန်းကမှစာမပြန်ဖူးဘူး
ဒီတစ်ခါတော့ပြန်ပြီပေါ့ဖုန်းထဲစာဝင်လာတာနဲ့ မကြာဘူးဖုန်းကောက်ဆက်လိုက်၏။
ဟိုဆော့နဲ့ဖုန်းပြောပြီး တစ်ကမ္ဘာတည်နေတာ
ဘေးကကောင်မလေးကိုပင်မေ့သွားတဲ့အထိ"သူကဘယ်သူလဲ ဂျောင်"
ဟန်နာက မျက်နှာကိုဆူပုပ်ကာမေးလိုက်သည်။
"ကိုယ်ကဘာကို ပြောရမှာလဲ ဟန်နာရဲ့"
"ဂျောင် သူ့ကိုစကားပြောပုံက အရမ်းရင်းနှီးနေသလိုပဲနော်"
"အင်း အဲ့ထက်ပိုတယ်"
"ဘာ!"
"ဟုတ်တယ်လေ ဟန်နာရဲ့ဘာလို့လဲ"
"အဲ့တာဆို ဘာလို့ တို့ကို ချစ်ရေးဆိုထားတာလဲ"
"ကိုယ်သဘောကျတယ်လို့ပဲပြောတာပါ
ချစ်တယ်လို့မပြောရသေးဘူး"
YOU ARE READING
မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)