unicode
ဂျီမင်းသည် လက်ပ်တော့ တစ်လုံးဖြင့်အလုပ်ရှုပ်နေသော
နမ်ဂျွန်းအနားကို လာထိုင်ကာ"လူကြီး"
"ဗျ!"
"လူကြီးလို့"
"ပြောလေ ကလေးရဲ့ "
"လူကြီးမျက်လုံးက အဲ့ လက်ပ်တော့
ပေါ်မှာပဲရှိနေတာဘယ်လိုပြောလို့ရမှာလဲ"နှုတ်ခမ်းလေးဆူလာသော ဂျီမင်းကြောင့်
နမ်ဂျွန်းလုပ်လက်စအလုပ်တွေကိုရပ်ကာ
ဂျီမင်းဘက်သို့လှည့်လိုက်၏။မဟုတ်ရင်စိတ်ဆိုးတော့မှာ
ကလေးကစိတ်ဆိုးရင်သူများနဲ့မတူဘူး
အခန်းထဲကိုပေးမဝင်တော့တာ...သားတောင်အရွယ်ရောက်နေပြီ
ကိုယ်တွေလည်းအသက်ရနေပေမယ့်
ကလေးဟာ ကိုယ့်မျက်လုံးထဲတော့
စတွေ့တုန်းကလို အသက်၂၀ကောင်လေးပင်..."ကဲ! ပြော..."
"သားကိုသတိရောထားမိရဲ့လား ခုတစ်လောအိမ်မှာပဲကပ်နေတာ"
"ဟေ! ဟုတ်လား သားဘာဖြစ်နေလဲ"
"အဲ့တာသိချင်နေတာ စောစောက ထယ်လေးဖုန်းဆက်သေးတယ် သူ့ဖုန်းကိုဆက်မရလို့တဲ့"
"သူတို့ကရော မသိကြဘူးလား"
"မသိလို့ပေါ့လူကြီးရဲ့ သားကိုအပြင်သွားတယ်ထင်နေတာ စောစောကသူ့အခန်းရှေ့ရောက်မှရှိနေမှန်းသိတယ်"
သားကိုအခုတစ်လောပစ်ထားမိသလိုဖြစ်နေ၏။
နမ်ဂျွန်းမှာ သူ့ရဲ့ကုမ္မဏီအလုပ်တွေနဲ့မအားလပ်တဲ့အပြင်
ဂျီမင်းမှာလည်း သူ့ရဲ့စတိုးဆိုင်တွေနှင့်အလုပ်ရှုပ်နေခြင်းပင်နမ်ဂျွန်းကခွင့်မပြုပေမယ့်
မရရအောင်ပြောပြီး ဆိုင်အမျိုးမျိုးဖွင့်ထားသည်မှာ
super market တစ်ခုလုံးနီးပါးသူ့ဆိုင်တွေပြည့်နေ၏။~~~~~~~
"ဒေါက်! ဒေါက်! သား... ကုကီး"
"လော့မချထားဘူးပါး!"
ဂျောင်ကုစကားကြားမှ နှစ်ယောက်လုံးအထဲဝင်လာ၏။
"ပါးပါးရော ဒယ်ဒီရော ဘာလာလုပ်ကြတာလဲ"
"သားနေမကောင်းဘူးလား"
"ကောင်းပါတယ်"
"တစ်ခုခုဖြစ်နေတာလား"
YOU ARE READING
မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)