553 87 15
                                    

unicode

ဟိုဆော့ရဲ့ ကြင်ယာဖက်ကောင်မလေးကိုတွေ့ဖို့ရာ ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ကြီးဆီသို့ ယွန်းဂီကလိုက်ပို့၏။

ကားပေါ်မှာ လေအေးပေးစက်ဖွင့်ထားတာတောင် ချွေးစေးတွေထွက်နေလေရဲ့....

"အဆင်ပြေရဲ့လား ဟိုဘ"

"ဟုတ်..."

"ဘာလို့လိမ်နေတာလဲ"

"ဗျာ ကိုကို..."

"အဆင်ပြေတယ်သာပြောတယ် ချွေးတွေထွက်နေတယ်လေ "

ဟိုဆော့ နှဖူးပေါ်ကချွေးတွေကို တစ်ရှူးဖြင့်ဂရုတစိုက်သုတ်ပေးရင်းဆိုလာ၏...

"အဲ့တာက စိတ်လှုပ်ရှားနေလို့ပါ"

"အင်း ဖြစ်တတ်ပါတယ်လေ
သိပ်လည်းစိတ်ပူမနေနဲ့ ကိုကိုကတစ်ခြားဝိုင်းမှာထိုင်စောင့်ပေးနေမယ်"

"ဟုတ် ကိုကို"

"ဘယ်လိုဆက်လုပ်မှာလဲ"

"ဘာကိုလဲ ကိုကို"

"အခုသွားတွေ့မယ့်ကောင်မလေးလေ
ဟိုဘ လက်မထက်ချင်ဘူးမဟုတ်လား"

"ဟုတ်တော့ဟုတ်ပါတယ်
ဒါပေမယ့် ကျွန်တော်မလွန်ဆန်နိုင်သေးဘူး
ဘယ်လိုလုပ်ရမယ် ဆိုတာလည်းမသိဘူး ကိုကို"

ပထမတစ်ခါ မမ တုန်းကလည်း မိသားစုအရှက်ရပြီးပြီမို့
ဟိုဆော့အတွက်တော့ အကျပ်ရိုက်စရာပင်

ဒီနေရာမှာသူရွေးချယ်ရမှာက
သိက္ခာတရားနဲ့ နှလုံးသား
နောက်
မိသားစုနဲ့ ချစ်သူ

"ကဲပါ ဆိုင်ရှေ့ရောက်ပြီ
ငိုင်မနေနဲ့တော့ အထဲကိုဝင်သွားလိုက်
ကောင်မလေးစောင့်နေတယ်
ကိုကိုကခနနေလိုက်ခဲ့မယ်"

"ဟုတ် ကိုကို "

အထဲဝင်တုန်း ဂျောင်ကုစီက
စာတစ်စောင်ရောက်လာ၏။

>> ဖိုက်တင်းချစ်သည်း ဒီတစ်ခါကိုသည်းခံလိုက် မောင်တို့မဝေးရပါဘူး စိတ်ချ

ဂျောင်ကုပို့လာတဲ့စာလေးကို ဖတ်ရင်းပြုံးမိသွားသည်။
မောင်ဟာ နားအလည်ပေးနိုင်ဆုံးချစ်သူပါပဲ

~~~~~~

ချိန်းဆိုထားတဲ့ ထောင့်ကျကျဝိုင်းလေးမှာ
မိန်းကလေးတစ်ဦးထိုင်နေသည်။

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now