၂၀

570 89 44
                                    

unicode

ညနေရောက်ပြီမို့ ဟိုဆော့ကိုသွားအကြိုလမ်းတွင်ဂျောင်ကု တစ်ယောက်တည်းကားလေးမောင်းရင်း ဟိုဆော့ကိုတွေ့ချင်စိတ်တွေကထိန်းမရ

ငထယ်နဲ့အစ်ကိုဆော့ဂျင်တို့မကြာမီလာလည်ကြမည်ဖြစ်ကြောင်း
ပြီးတော့ အစ်ကိုယွန်းဂီက အလုပ်ကိစ္စနဲ့ဒီကိုရောက်နေတယ်တဲ့

ဒယ်ဒီတို့နဲ့လည်းစကားပြောရပြီး အားလုံးအဆင်ပြေနေကြကြောင်း ချစ်သည်းကိုပြောပြရမည်။

ဒါတွေထက်အရေးကြီးတာက
ဟိုဆော့အမေဟာအရင်လိုမဟုတ်တော့ကြောင်း အစ်မဂျီယောင်းတို့လည်းပြန်လာကြကြောင်း သိတဲ့အခါသူပိုပြီးဝမ်းသာလိမ့်မည်။

အရင်အချိန်တွေအတွင်းဘယ်လောက်ပင်ပန်းခဲ့ရလဲ
မိသားစုနဲ့အတူနေပြီးနွေးထွေးမှုမရခဲ့တဲ့
မောင့်ချစ်သည်းကို မောင်ကချစ်ပေးတယ်ဆိုပေမယ့်
မိသားစုရဲ့နွေးထွေးမှုကို တောင်းတဖူးမှာပဲ
ပွဲတော်ပိတ်ရက်တွေကြရင်တော့ ချစ်သည်းလက်ကိုဆွဲပြီး ပြန်ခေါ်သွားမယ်...

~~~~~~~~

ဆိုင်ရှေ့ရောက်တော့ ဆိုင်ကပိတ်ထားပြီး
ဘယ်သူမှရှိမနေပါ။

"အန်တီဗျ...ဟိုဆေးဆိုင်ကလူတွေဘယ်များသွားလဲမသိဘူး"

"မနက်ကတော့ ကားနဲ့ထွက်သွားတာတွေ့တယ်ကွယ့်
သားလာကြိုနေကြဟိုကောင်လေးရယ်ဆိုင်ရှင်ရယ်ထွက်သွားတာ"

"ဪ...ဟုတ်ကျေးဇူးပါဗျ"

ဘေးဆိုင်ခန်းကအန်တီကြီးပြောပြတာ
ကြောင့် ဂျောင်ကုစိတ်တွေယောက်ယက်ခတ်ရပြီ၊

မနက်ကတည်းကထွက်သွားတယ်ဆိုတော့
ဘယ်ကိုသွားတာမိုလို့လည်း
နေ့ခင်းထမင်းစားချိန်တုန်းကလည်းဖုန်းမဆက်ခဲ့ဘူး...

"ဟဲလို အစ်ကိုယွန်းဂီပြောလေ"

"ဂျောင်ကု...အခုဟိုဆော့နဲ့ရှိနေတာလား"

"မဟုတ်ဘူးဗျ...ဘာလို့လဲအစ်ကို!"

"အာ...ဘာမှမဟုတ်ပါဘူး အစ်ကိုမြို့ထဲမှာဟိုဆော့ကိုတွေ့မိလို့

လှမ်းနှုတ်ဆက်ဖို့လုပ်ပေမယ့်မသေချာလို့လေ

ပြီးတော့အစ်ကိုမျက်စိမှားတာဖြစ်လိမ့်မယ် ဟိုဆော့ကတစ်ခြားလူတစ်ယောက်နဲ့"

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now