584 100 19
                                    

unicode

"လာခဲ့...ဒါမောင့်တိုက်ခန်းပဲ"

မောင်က တံခါး လျှို့ဝှက်နံပါတ်ကို
ချစ်သူစဖြစ်တဲ့နေ့ကို ထားသည်တဲ့...

မောင့်ရဲ့ တန်ဖိုးထားမှုအသေးအမွှားလေးတွေကို ဝမ်းသာရသေးတယ်...

"ဗိုက်ဆာပြီလား "

"သိပ်မဆာသေးပါဘူး မောင်ရော..."

"မောင်ကတော့ဆာပြီ..."

အသံကိုခပ်တိုးတိုးနဲ့ဆွဲဲပြောလိုက်တဲ့
ဂျောင်ကု စကားအသွားအလာကြောင့်ဟိုဆော့ရှက်သွားရသည်။

"ဗိုက်ဆာတယ်လို့ပြောတာပါ ဟီးဟီး
မောင်စားစရာတစ်ခုခုသွားဝယ်ပေးမယ်နော်"

"ဒီမှာကဘာမှမရှိလို့လား "

"ခေါက်ဆွဲတွေပဲရှိတယ် ဟီးဟီး"

~~~~~~

အငွေ့တစ်ထောင်းထောင်းထနေတဲ့
ခေါက်ဆွဲပြုတ်ပန်းကန်က အရသာအသေအချာရှိမယ့်ပုံ...

"ဝါး မိုက်လိုက်တာ"

နှစ်ယောက်သားဗိုက်ဆာဆာဖြင့် စားထားသောခေါက်ဆွဲပန်းကန်မှာ ​ကုန်စင်လျက်

ရေခဲသေတ္တာထဲမှာအများဆုံးကခေါက်ဆွဲခြောက်ထုပ်တွေ
ဒါတွေပဲစားနေရင်ခက်ရချည်ရဲ့မောင်တစ်ယောက်ဟာလေ...

"မောင် "

"ဗျာ..."

"ဒါတွေပဲစားနေတာလား မဖြစ်သေးပါဘူး
နောက်နေ့ဈေးသွားမယ်"

"ချစ်သည်း သဘောပါဗျာ "

အခန်းထဲမှာလည်းရှုပ်ပွနေတာကိုသိမ်းလို့
မပြီးနိုင် ပါးစပ်ကလည်း မောင်ကညစ်ပတ်လိုက်တာဆိုပြီး ပွစိပွစိပြောနေသေး

မောင့်ချစ်သည်းဟာ
တစ်ကယ့်အိမ်ရှင်မလေးပဲ
အဲ့လေ အိမ်ရှင်ထီးလေး..

"မပြီးသေးဘူးလား ချစ်သည်းရာ"

တစ်ခန်းလုံး တစ်ကုတ်ကုတ်နဲ့လိုက်သိမ်းနေတာ နားပါတော့ပြောလဲမရ

အဝတ်ဗီဒိုကိုရှင်းနေတဲ့ ဟိုဆော့ကို
နောက်ကျာကနေသိုင်းဖက်လိုက်၏။

နှစ်ယောက်ကြားအတော်ကြာတိတ်ဆိတ်သွားပြီး...

"ချစ်သည်း..."

မောင့် ဆေးကျောင်းသား (မောင့် ဆေးကျောင်းသား)Where stories live. Discover now