3

67 7 0
                                    

Jaejudo,

ညက ဂျီမင်ရဲ့အခန်းမှာပဲအိပ်သွားတဲ့ထယ်ယောင်းကို
ဒီမနက် ဂျီမင်ကိုယ်တိုင်ပဲပြန်လိုက်ပို့ရသည် ။

" ကျေးဇူးပဲ... "

ထယ်ယောင်းရဲ့စကားကို မတုံ့ပြန်ဘဲ
အိမ်ဘက်ကို ဂျီမင်တစ်ချက်ကြည့်ပြီး သူငယ်ချင်း
မျက်နှာတစ်ချက်ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်
ကားသံကြောင့် အိမ်ထဲကနေ ထွက်လာတဲ့
အသံငယ်တစ်ခုက.....

" Taehyung hyung လား.... "

ထယ်ယောင်းက မတွေ့ပေးချင်သေးဘူးဟု
ပြောထားတဲ့စကားကြောင့် ထိုအသံပိုင်ရှင်
မထွက်လာခင် ဂျီမင်အရင် ကားစက်နှိုးကာ
ထွက်လာခဲ့လိုက်သည် ။

ထယ်ယောင်းလှည့်ကြည့်တော့ စပ်စုစိန်က
သွားတိုက်ရင်းတန်းလန်းနဲ့ ထွက်လာတာ.....

" အခုထွက်သွားတဲ့သူက မနေ့ကလူလား.... "

" အင်း ငါ့သူငယ်ချင်းလေ Park Jimin! "

" အော်.... Jimin hyung ပေါ့ "

ဒီကလေးရဲ့စကားကြောင့် ထယ်ယောင်းတစ်ချက်
လှမ်းကြည့်လိုက်သည်...

" ဘယ်သူ့ကိုဖြစ်ဖြစ် ဒီလိုပဲ ရင်းရင်းနှီးနှီး
ခေါ်တာလား "

" hyung လို့လည်း ခေါ်လို့မရဘူးမလား
Taehyung hyung မကြိုက်ဘူးထင်လို့.... "

" သူနဲ့တွေ့ မှသာမေးလိုက်တော့ "

ထယ်ယောင်း ထိုကလေးရဲ့စကားတွေကို
အရေးမစိုက်တော့ဘဲ အိမ်ထဲသာဝင်သွားလိုက်သည် ။
သူ့အရိပ်အခြည်ကြည့်အောင်လုပ်မိတဲ့ ထိုကလေးမှာ
ဘာအပြစ်မှမရှိမှန်း သူနားလည်သည်.... ။

.........................၊

ဂျီမင်မောင်းလာတဲ့ကားအဖြူလေးဟာ
မြို့ထဲတစ်နေရာရဲ့လမ်းအကွေ့မှာ ကားပိတ်နေတာ
ကြောင့် ဆက်မသွားရဘဲ ရပ်လိုက်ရသည် ။
ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီး ပြဿနာတက်နေတာကိုစောင့်ကြည့်ရင်း စိတ်မရှည်လာတာကြောင့်
ဂျီမင် ကားပေါ်ကဆင်းသွားလိုက်သည်...

" ဒီမှာပါ.... ဘာကိစ္စလည်းမသိပေမယ့်
နောက်ကားတွေသွားလာလို့ရအောင် လမ်းတော့
ဖွင့်ပေးပါ ဒီလိုပိတ်ထားလို့မဖြစ်ဘူးလေ "

Jeon's eyes tell Where stories live. Discover now