14

51 4 0
                                    

အတိတ်ဆီ....

Paradise နဲ့ hotelအခန်းက JK အတွက်
နေ့တိုင်းလိုဝင်ထွက်နေတဲ့ နေရာတွေဖြစ်လာသည် ။ V.I.P အခန်းကိုဝင်လာပြီး လက်ထဲမှာပါလာတဲ့
အိတ်အမည်းထုပ်ကို စားပွဲပေါ်ချပေးလိုက်သည် ။

" ငါတို့ JK! ရောက်လာပြီပဲ "

V.I.P အခန်းကိုယူပြီးနေ့တိုင်းသောက်စားနေတဲ့
ကင်မ်ဝမ်ကတော့ ဝမ်းပန်းတသာကြိုဆိုနေပေမယ့်
သူ့အတွက်ကတော့ အဲ့လောက်မဟုတ် ။

" စစ်ကြည့်လိုက်ပါ... "

" မလိုဘူး.... ငါ မင်းကိုယုံပြီးသား JK! "

ကင်မ်ဝမ်ကအရိပ်အကဲပြတော့ ကောင်မလေးတွေ
အကုန်ထွက်သွားကြပြီး ဂျန်ဟွန်းနဲ့ဆယ်ရာသာ
ကျန်နေခဲ့သည် ။ အိတ်ကိုဖွင့်ပြီး အပုံလိုက်ရှိနေတဲ့
ပိုက်ဆံတွေကို စားပွဲပေါ် အိတ်လိုက်သွန်ချနေသည်
ပိုက်ဆံတွေကိုတော့ ဘေးကိုတွန်းပြီး
သူရှာနေတာက အဖြူရောင်အိတ်အသေးလေး
ဖြစ်သည် ။ အဲဒီ့ထဲက ထွက်လာတဲ့အမှုန့်တွေကိုတော့
သူ သုံးဆောင်နေကျအတိုင်း ခံစားသည် ။

အရက်မူးနေတဲ့ဆယ်ရာက ဘာမှမမြင်သလို
ဂျန်ဟွန်းကတော့ အကြည့်လွှဲပြီးအရက်သာ
သောက်နေသည် ။
ဒီပုံစံတွေကိုအစအဆုံးကြည့်ပြီးတဲ့ JK အတွက်က
နှုတ်ခမ်းမဲ့မိသွားသည် .... ။

" ဒီလိုအလုပ်ပါလုပ်ပေးမယ်လို့ မပြောဖူးဘူး "

" ဒီလိုအလုပ်တဲ့လား... မင်းအတွက်လုပ်ပေးထားတဲ့
တရားမဝင်အလုပ်ထက်စာရင် သာပါသေးတယ်
မမေ့နဲ့... ငါ မင်းကိုလိုသလို မင်းလည်းငါ့ကို
လိုတယ်မလား "

" ပြောထားတာသာ အမြန်ဆုံးပြင်ပေးထား! "

JK အခန်းထဲကထွက်သွားတော့ ဂျန်ဟွန်းက
အ​ခြေအနေတွေကိုကြည့်ကာ..

" Wang Hyung... သူ့ကိုအသုံးချတာမှန်ပေမယ့်
သတိထားတာကောင်းလိမ့်မယ်နော် "

" တော်စမ်းပါ... Jang Hyun ရာ!
မင်းက ငါ့ထက် Kim Taehyung ကိုပဲ
ကြောက်တတ်တာလား "

ဆေးအရှိန်ကြောင့် သတိမထိန်းနိုင်တော့တဲ့
ကင်မ်ဝမ်က ဘေးမှာမူးပြီးအိပ်ပျော်နေတဲ့
ဆယ်ရာကိုသေချာကြည့်ကာ သူမမျက်နှာကိုကိုင်ပြီး
သူ့လျှာပေါ်မှာဆေးမှုန့်တင်နေတဲ့အနေအထားနဲ့
သူမ နှုတ်ခမ်းကိုတေ့ပြီးထိကပ်လိုက်တယ်

Jeon's eyes tell Where stories live. Discover now