24

72 4 3
                                    

ဂျီမင် ဂျယ်ဂျူကိုဆင်းလာခဲ့သည်
အဲဒီ့တစ်စုံတစ်ယောက်ကို တွေ့ရဖို့အတွက်... ။

ထယ်ယောင်း ဘာကိုရွေးချယ်သွားလည်းဆိုတာ
အမှန်တော့ ဂျီမင်မသိပါဘူး ဒါပေမယ့်
သူ့အတွက်ပဲ နောင်တမရချင်လို့လာခဲ့တာ
အဲဒီ့ကလေးက မလိုလားရင်တောင်
သူ ခြေတစ်လှမ်းပဲဆက်တိုးရဖို့ ခွင့်တောင်းခဲ့မှာ ။

ဂျောင်ဂု ကျောင်းကိုရောက်တာနဲ့ ခုံပေါ်မှောက်အိပ်
လိုက်သည်... စာသင်ချိန်လည်း ဆက်ပြီး
မှောက်အိပ်နေဆဲ... အဘွားပြောဖူးတဲ့
စာတော်တဲ့ကျောင်းသားဆိုတာ ငါးနှစ်သားဂျောင်ဂု
ဖြစ်လိမ့်မည် အခုတော့ သူ့အတွက် အရာအားလုံးက
ခက်ခဲနေသည်... ကျောင်းပျက်ရက်တွေကြောင့် ကျောင်းခေါ်ချိန်မပြည့်နိုင်လို့ မတော်ရင်
ဒီနှစ် CAST ကိုမဖြေဖို့လည်း ဖြစ်သွားနိုင်သည်

အတန်းမရှိတဲ့အချိန် ကျောင်းကော်ရစ်တာဘက်
လမ်းလျှောက်ဖို့ထွက်လာခဲ့သည်... စက်ကော်ဖီ
တစ်ခွက်ကိုလည်း ဝယ်သောက်ရင်း
နားထဲဝင်လာတဲ့ စကားပြောသံတွေကြားက
ရင်းနှီးတဲ့အသံကြောင့် ဘေးကိုလှည့်ကြည့်မိသည်

ကျောင်းအုပ်ရုံးခန်းထဲကနေ ကျောင်းအုပ်နဲ့
ဆရာတွေနဲ့စကားပြောရင်း အတူထွက်လာတဲ့
ဂျီမင် hyung ကိုတွေ့လိုက်လို့
သူ ခဏလောက်ကြောင်ပြီး ရပ်ကြည့်နေမိသည်

သေချာပေါက် ဂျီမင်hyung လည်း သူ့ကို
မြင်ပေမယ့် ဒီအတိုင်းထွက်သွားတာဖြစ်သည်
THE V ကျောင်းမှာလည်းမဟုတ်တော့ဘဲနဲ့
ဂျယ်ဂျူကျောင်းမှာ ဘယ်လိုလုပ်လာတွေ့ရတာလဲ
မြင်ရဲ့သားနဲ့ လှည့်ထွက်သွားပုံအရဆို
သူ့ကိုလာတွေ့တာမဟုတ်တာလည်း ဖြစ်နိုင်တာပဲ

ဆိုးလ်မှာ ဂျီမင်hyung ပြောခဲ့တဲ့စကားတွေက
ဂျောင်ဂုကိုထွက်သွားဖို့ဆိုတာကို သဘောပေါက်ခဲ့တာ
ကြောင့် ကြီးကြီးမားမားတော့မမျှော်လင့်မိတာ။

" Jungkook! ”

သူ့ကိုလှမ်းခေါ်ပြီး အနားရောက်လာတဲ့
ကျောင်းသားက ဂစ်တာတစ်လက်ကိုလည်း
လွယ်ထားသည်... ကျောင်းရဲ့ ဂီတ band clubက
အဖွဲ့ဝင်ဖြစ်ပြီး သူနဲ့လည်းမရင်းနှီးတဲ့သူ ။

Jeon's eyes tell Where stories live. Discover now