11

39 4 0
                                    

2022 ,
Seoul Cathelic Hospital ,

" ဒီလောက်နဲ့အထဲဝင်ကြရအောင်... LJ
ဆေးရုံက လူတွေအများကြီးဝင်ထွက်နေတာ ”

ဘီးတပ်ကုလားထိုင်ကို အခန်းဆီပြန်လှည့်တော့
ကော်ရစ်တာကို လေကောင်းလေသန့်ရှုဖို့
ထွက်လာတဲ့သူမက မန်နေဂျာစကားကိုလည်း
မငြင်းဆန်တော့ ။

" ဟို..... ”

သူတို့အနားကိုရောက်လာတဲ့သူက
မနေ့ကကောင်လေးပဲ.... သူမကိုစကားပြောဖို့
လုပ်တော့ မန်နေဂျာကအတင်းတားသည် ။

" ထားလိုက်ပါ.... ကျွန်မသူငယ်ချင်းပါ ”

မန်နေဂျာအကိုက နေရာရှောင်ပေးတော့မှ
မဝံ့မရဲနဲ့အနားကပ်လာတဲ့သူကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်သည် ။

" မနေ့ကအတွက် ကျေးဇူးတင်ပါတယ် ”

" မဟုတ်တာ... ကျွန်တော်လည်း ခွင့်ပြုချက်မရှိဘဲ
အဲ့နေရာမှာရှိနေတာလေ ”

" ဟုတ်သားပဲ.... မနေ့က ကျွန်မအခန်းထဲကို
ခိုးကြည့်နေခဲ့တာမလား ”

" ဟို အဲဒါက.... ပြောစရာရှိနေလို့ပါ ”

" ဒါဆို Jimin oppa လွှတ်လိုက်တာလား ”

နှစ်ယောက်က ရင်းနှီးတာကိုး!
တကယ်ပဲ ဘယ်လိုပတ်သတ်နေကြတာလဲ ။
ဂျောင်ဂုအတွေးလွန်နေတာနဲ့ သူမမေးတာ
ပြန်မဖြေမိ ။

" ကျွန်မကို ပြောခိုင်းလိုက်တာရှိတယ်ဆို...
oppa ရော ဘယ်လိုနေလဲ ”

" ကျန်းမာရေးကိုဂရုစိုက်ပြီး အရမ်းကြီးခက်ခက်ခဲခဲ
မဆုံးဖြတ်နဲ့ ....
အဲဒီ့လိုပြောခိုင်းလိုက်ပါတယ် ”

LJ မျက်နှာက ရုတ်တရက်မှောင်ကျသွားပြီး....

" ဟုတ်လား ”

ဘာလို့လဲ... ပြောစရာကျန်သေးလို့လား ”

" ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်လည်း
သေချာမသိပါဘူး... ဒါပေမယ့် အခု Jimin
hyung ရဲ့ image က မကောင်းတော့ဘူး
LJ ကအနုပညာရှင်မလို့ ပိုသိမှာပါ ”

" စိတ်မကောင်းပေမယ့် ကျွန်မလည်း
အခုတတ်နိုင်တာဘာမှမရှိသေးဘူး
အကုန်လုံးက ကြည့်လုပ်ပေးမယ်လို့ပြောပြီး
ကျွန်မစကားကို နားထောင်ကြမှာမဟုတ်ဘူး
ထိခိုက်ထားတဲ့ခြေထောက်က နောက်ထပ်ကနိုင်ဖို့
အတော်ပင်ပန်းရဦးမှာ ... အမာရွတ်တွေကိုလည်း
ပျောက်အောင် ပလတ်စတစ်ဆာဂျရီလုပ်ရမယ်
စွန့်ပစ်မခံရအောင် ကြိုးစားနေရလို့
ကျွန်မလည်း ပင်ပန်းနေတာပါ ....
ဖြစ်ပျက်သွားတာတွေကို အပြစ်တင်ဖို့တောင်
အချိန်မရှိပါဘူး ”

Jeon's eyes tell Where stories live. Discover now