15

51 3 0
                                    

ဂျောင်ဂု... အတန်းခေါင်းဆောင်ရဲ့အနောက်ကို
လိုက်သွားတော့ ရေကူးလေ့ကျင့်ရေးအခန်းထဲအထိ
ရောက်လာသည် ။ သူမက ဒိုင်ဗင်ဆင်းလေ့ကျင့်ရတဲ့
အမြင့်ဆုံးနေရာမှာ ရပ်နေသည် ။

" အတန်းခေါင်းဆောင်... ငါနဲ့စကားပြောရ​အောင် "

" ဘယ်လိုလဲ... စာပဲသိတဲ့ငါမဟုတ်တော့လို့
အံ့သြသွားလား "

" နင့်မှာအကြောင်းတစ်ခုခုရှိတာဆိုရင်
ငါ နားလည်ပေးနိုင်ပါတယ် နင် တမင်လုပ်တာ
မဟုတ်ဘူးမလား "

" အကြောင်းပြချက်ရှိရမယ်ဆိုရင်
ငါ နင့်ကိုသဘောကျမိတာဖြစ်မှာပေါ့ "

ဂျောင်ဂုအတွက်တော့ အံ့သြရတာထက်ကို
လုံးဝမထင်မှတ်ထားတဲ့စကားလုံးတွေဖြစ်နေခဲ့သည်။

" အနေခက်သွားတာမျိုး မလုပ်လည်းရတယ်
ငါ့ခံစားချက်သက်သက်ပဲရှိတာ... "

" ဒါဆို ဘာလို့ဓာတ်ပုံရိုက်ခဲ့တာလဲ "

" နင့်ကို ဆွဲထုတ်ပေးချင်လို့လေ... Jungkook!
ငါ သူတို့နှစ်ယောက်ရဲ့မျက်လုံးတွေကိုမြင်ခဲ့တယ်
သူတို့ကသူငယ်ချင်းဖြစ်နေလည်း နင့်ကို
ပိုင်ဆိုင်ရဖို့ဆို ဘာမဆိုဖြစ်သွားနိုင်တယ်
နင်နဲ့တူပါတယ်ဆိုတဲ့လူတစ်ယောက်ကြောင့်
နင်ပဲ နာကျင်ပြီးအသုံးချခံလိုက်ရမှာ သိလား... "

" နင် ဘာတွေပြောနေတာလဲ
ငါ့ဆီမှာ နင်ပြောတဲ့ကိစ္စတွေမရှိဖူးဘူး
Hyung နှစ်ယောက်လုံးကလည်း
ငါ့ကိုစောင့်ရှောက်ပေးဖို့..... "

ဂျောင်ဂု သူ့စကားကိုပင်မဆက်မိတော့ဘဲ
ရုတ်တရက်ကြီး တွေဝေသွားသည်။

" နင်တွေဝေနေရင် ငါကူညီပေးနိုင်တယ်
သူတို့ဆီကနေ ထွက်ပြေးတော့!! "

" ငါ.... "

" သတိထားစမ်းပါ ....
မျက်နှာလေးတူလို့ အသံလေးတူလို့ဆိုပြီး
နင့်ကိုသူတို့အနားမှာထားတာလို့ထင်နေတာလား
JK ဆိုတဲ့လူရဲ့ဖြစ်တည်မှုကိုသိတာ​တောင်
သူတို့သုံးယောက်ကြားထဲမှာ ဘာကိစ္စတွေဖြစ်ခဲ့လဲ
ဆိုတာသိဖို့မကြိုးစားခဲ့တဲ့နင့်ကို
ငါ အံ့သြလိုက်တာ..."

" အဲဒီ့တော့ အတန်းခေါင်းဆောင်... နင်က
အစကတည်းက အကုန်လုံးသိနေခဲ့တာပဲ
ဒီလိုငါက သနားဖို့ကောင်းနေခဲ့လို့
သူငယ်ချင်းလုပ်ခဲ့တာလား
သဘောကျတာကိုရော ဘာလို့လုပ်ခဲ့သေးလဲ "

Jeon's eyes tell Where stories live. Discover now