19

61 4 0
                                    

၃ နှစ်စာ အတိတ်ရဲ့အဆုံးသတ်အခန်း (၁) .....

JK ဆီကို မနက်ခင်းစောစော ဖုန်းဝင်လာသည်
မတွေ့ချင်တဲ့လူဆိုပေမယ့် ရှောင်လို့လည်း
မပြီးသွားမယ့်သူမို့ ချိန်းတဲ့ဆိုင်ကိုသွားတွေ့လိုက်သည်

" ဌာနမှူး "

" ရောက်လာပြီလား "

" ဘာကိစ္စရှိလို့ ကျွန်တော့်ကို... "

" ဒီအတောအတွင်း ပင်ပန်းခဲ့တယ်မလား
အဲဒီ့နေ့က မင်းကိုဆွဲမသွင်းခဲ့သင့်မှန်း
ငါ နားလည်ပေမယ့် ပါမောက္ခရဲ့စကားကြောင့်
မတတ်နိုင်ခဲ့ဘူး... မင်းရဲ့လက်ကို လိုအပ်နေခဲ့တာ
အခုပဲဖြစ်ဖြစ် မင်းရဲ့ဆုံးရှုံးမှုတွေအတွက်
တောင်းပန်ပါတယ်... "

စိတ်ရင်းနဲ့အားနာတဲ့မျက်နှာလည်းမဟုတ်ဘဲ
ဒီလိုစကားတွေက ပေါ့ပေါ့ပါးပါးထွက်လာသည်

" အချိန်တွေကြာသွားပြီဆိုပေမယ့်
သေဆုံးသွားတဲ့ V.I.P လူနာရဲ့ မိသားစုဝင်
တစ်ယောက်က နိုင်ငံခြားကပြန်ရောက်လာပြီး
တာဝန်ကျဆရာဝန်ကိုတွေ့ဖို့တောင်းဆိုနေတယ်
အဲဒါ မင်းတာဝန်ယူပြီး ​တောင်းပန်ပေးလို့ရမလား
မဟုတ်ရင် တရားရင်ဆိုင်တဲ့အထိရှုပ်ကုန်မယ် "

" ဌာနမှူး... ကျွန်တော် အဲဒီ့ခွဲစိတ်ခန်းထဲမှာ
အကူလုပ်ပေးခဲ့ရုံတင်ကို တာဝန်ယူတဲ့သူက
ဘာလို့ ကျွန်တော်ဖြစ်သွားတာလဲ "

" ပါမောက္ခက ခွင့်ပြုပေးခဲ့တယ်လေ
နှလုံးကို မင်းကိုယ်တိုင်ကိုင်ခဲ့တယ်မလား
လုပ်နိုင်တယ်ဆိုပြီးတော့... "

သူ တွေဝေသွားရသည်...
မှတ်မိသွားတဲ့မှတ်ဉာဏ်ထဲမှာ သူကိုယ်တိုင်
ဓားကိုလွှဲပြောင်းယူခဲ့တာက ထင်ထင်ရှားရှား
ရှိနေသည်... ပြီးတော့ အမှားတွေရော...။

အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေးနေခဲ့ပြီး
သေဆုံးသူရဲ့မိသားစုဝင်နဲ့ တွေ့ရဖို့
အလေးလံဆုံးအတွေးတွေနဲ့ သူ့ကိုယ်သူ
ပိတ်မိနေခဲ့သည် ။

အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ပြီး
အိမ်ထဲကထွက်လာတော့ အရှေ့မှာရောက်နေတဲ့
ထယ်ယောင်းက သူ့ကိုစောင့်နေခဲ့သည်

" အခု သွားဖို့မလိုသေးဘူး... JK "

" အခု ငါ့ကိစ္စတွေကို ဝင်မပါပါနဲ့တော့ Hyung! "

Jeon's eyes tell Where stories live. Discover now