7

48 6 0
                                    

2019 ,
Incheon International Airport ,

" စီနီယာ! "

ရင်းနှီးတဲ့အသံကြောင့် ဂျီမင်အလန့်တကြား
လှည့်ကြည့်မိသည် ။ ကျောင်းဝတ်စုံတောင်
မလဲအားဘဲ လေဆိပ်ကိုအပြေးအလွှားရောက်လာတဲ့
JK က လေယာဥ်လက်မှတ်ကိုသာ ဆုပ်ကိုင်ထားပြီး...

" အတူတူသွားမယ်.... စီနီယာ! "

" မင်း ဒီကိုဘာလာလုပ်တာလဲ.... ရူးနေလား!
စာမေးပွဲစဖို့ ဘယ်လောက်မှမလိုတော့ဘူးလေ "

လက်ပေါ်က နာရီကိုကြည့်ပြီး ဂျီမင်ဒေါသတကြီး
အော်ပြောလိုက်သည် ။ ခရီးဆောင်အိတ်တစ်လုံးနဲ့
လေယာဥ်ပေါ်တက်ဖို့ အသင့်ဖြစ်နေတဲ့ဂျီမင်လည်း
ထယ်ယောင်းဆီ သွားဖို့ဆိုပေမယ့် ဒီကောင်လေးက စာမေးပွဲနေ့ကြီးကို ထွက်ချလာတာ ။

" သူ ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်အနားမှာ
ရှိနေပေးရမှာပေါ့ ဒီစာမေးပွဲလောက်က
ဘာအရေးကြီးတော့လို့လဲ "

ဂျီမင် စိတ်မရှည်တော့တာကြောင့် ခရီးဆောင်အိတ်ကိုလွှတ်ချပြီး သူ့ရဲ့အပေါ်အင်္ကျီစတစ်ဖက်ကို
ဆွဲကိုင်လိုက်သည်

" အခု မင်းအဲဒီ့ကိုလိုက်သွားလည်း သူ့အတွက်
နှစ်သိမ့်ရာတစ်ခုအပြင်မပိုဘူး... JK!
Taehyung က မင်းထင်တာထက် ပိုသန်မာတယ်
ပြီးတော့ ငါလည်းရှိတယ်
မင်းကတော့ မတူဘူးလေ .....
ဉာဏ်ကောင်းလွန်းလို့ ဘွဲ့လည်းစောစောရပြီး
ဆေးကျောင်းလည်း ဝင်ခွင့်ရတယ်
ဘာမှစိတ်မဝင်စားတဲ့ပုံလုပ်နေပေမယ့်
မင်း ဒီအလုပ်ကိုသဘောကျတယ်ဆိုတာ ငါသိတယ်
အဲဒါကို မင်းကိုယ်တိုင်ဖျက်ဆီးချင်တာလား
ငါ ခွင့်မပြုဘူး.... အခု ကျောင်းကိုပြန်! "

" ငါ ဘာကိုသဘောကျတယ်ဆိုတာ စီနီယာ
တကယ်သိလား .... တကယ်သိတာလားလို့!!!! "

အကြောင်းအရင်းမရှိ ခံပြင်းတဲ့မျက်နှာအရိပ်တွေနဲ့
ပြန်အော်ပြောလာတဲ့သူကို ဂျီမင် နားမလည်နိုင်
ဖြစ်နေရသည် ..... ဒီအချိန်မှာ ရန်ဖြစ်ချင်လည်း
ဘာအကျိုးမှမရှိတာကြောင့် သူ့ပခုံးတွေကိုသာ
ခပ်ဖွဖွဆုပ်ကိုင်ထားလိုက်သည်.....

" အေးပါ.... ငါ တကယ်မသိတာလည်းဖြစ်နိုင်ပါတယ်
ဒါပေမယ့် အခု အဲဒါတွေကအရေးမကြီးဘူးလေ
ပြန်ပါတော့..... JK ရာ!
အချိန်မရှိတော့ဘူးလေ .... နော်
Hyung ပြောတာကို နားထောင်ပါ "

Jeon's eyes tell Where stories live. Discover now